၂၀၂၁-၂၀၂၂ Mini Budget ငါးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၃၁ သန်းနီးပါးဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံထား

၂၀၂၁-၂၀၂၂ Mini Budget ငါးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၃၁ သန်းနီးပါးဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံထား
စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
Published 12 March 2022

၂၀၂၁-၂၀၂၂ (Mini Budget) ငါးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား   တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၃၁ သန်းနီးပါး ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက ဒေါ် လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget) ငါးလအတွင်း နိုင်ငံအလိုက် ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၇၇ ဒသမ ၇၁၄ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၇ ဒသမ ၂၀၈ သန်း၊ ပြင်သစ်နိုင်ငံကဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ဟောင်ကောင်က ဒေါ် လာ ၆၃ ဒသမ ၅၅၉ သန်း၊အိန္ဒိယက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁ ဒသမ ၃၁၀ သန်း၊ မလေးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊R.O.K က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် ဒေါ်လာ ၄၄ ဒသမ ၇၁၀ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ နှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ U.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊ နီပေါ နိုင် ငံက ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ၅၃၀ ဒသမ ၇၇၅ သန်း ဝင် ရောက်ထားကြောင်း ထုတ်ပြန်ထားသည်။

လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင် ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အ ဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ(က)ဓာတ်မြေသြ ဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ)သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ)စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊အဆိုပါ လုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင် ့စားသောက်ကုန်များ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ (စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့် လုပ်ငန်းများ (ဆ)ဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ)အများပြည်သူသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာ တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ်-၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းဝ၁-၆၅၈၁၃၂၊၀၉၂၀၁၃၈၂၁ email:dica@ mptmail.net.mm နှင့် dica.ip.mm@ gmail.com တို့ကို ဆက် သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍ တွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယ အများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံး ဖြစ်သည်။

 

 

Most Recent