၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀(စ)အရ  မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့်ကုမ္ပဏီ ၂၈၀၀ အထိရှိ်

 ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀(စ)အရ  မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့်ကုမ္ပဏီ ၂၈၀၀ အထိရှိ်
Published 9 March 2022

၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ  မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀(စ)အရ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခံရသည့်ကုမ္ပဏီ ၂၈၀၀ အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကုမ္ပဏီ ၃၀၀၊ သြဂုတ်လအတွင်း ကုမ္ပဏီ ၂၀၀၊ စက်တင်ဘာလအတွင်း ကုမ္ပဏီ ၄ဝဝနှင့် အောက်တိုဘာလအတွင်း ကုမ္ပဏီ ၄၀၀၊ နိုဝင်ဘာလအတွင်း ကုမ္ပဏီ ၄၀၀ ၊ ဒီဇင်ဘာလအတွင်း  ကုမ္ပဏီ ၄၀၀၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၃ ရက် က ကုမ္ပဏီ ၁၀၀၊ ဇန်နဝါရီ ၇ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဇန်နဝါရီ ၁၇ ရက်တွင် ကုမ္ပဏီ ၁၀၀ ၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော် ၀ါရီလ ၄ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော်ဝါရီ  ၁၅ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကုမ္ပဏီ ၁၀၀ ဖြင့် စုစုပေါင်းကုမ္ပဏီ ၂၈၀၀ အထိရှိနေသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀(စ)အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck. Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက  ယင်းအမိန့်ကြော်ငြာစာများ ထုတ်ပြန်သည့် ရက်မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

MyCO တွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟုု သိရသည်။

Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင် ဖော်ပြထားသဖြင့် အဆိုပါရက်မတိုင်ခင် မှတ်ပုံကြေး ကျပ် ၅၀၀၀၀ ပေးသွင်းတင်ပြရန်ဖြစ်ကြောင်း၊ Annual Return တင်ပြရမည့်ရက်ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင် နောက်ကျကြေး (Late Fee)ကျပ်၁၀၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Annual Return တင်ပြရမည့်ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9 D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း ထပ်မံ ပေးသွင်းရမည်ဖြစ်သည်။

Suspended ဖြစ်ပြီးခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ ပယ်ဖျက်ဖြစ်ပြီး ကုမ္ပဏီအမည်အား ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံးကင်းလွတ်ခွင့်အမိန့်ဖြင့် MyCO တွင် 1-5 ဖြင့် ပြန်လည်တင်ပြရမည်ဟု သိရသည်။

Struck Off ဖော်ပြခြင်းခံရသော ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရသည့်ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ပုံရိပ် ကျန်ရှိနေမည်ဖြစ်သောကြောင့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်းကို အထူး ဂရုပြုဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။     

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ (က)အရ ကုမ္ပဏီများအားလုံးသည် ယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်း နှင့် ၎င်းနောက်ပိုင်းကာလအတွက် နှစ်စဉ်အနည်းဆုံးတစ်ကြိမ် သို့ရာတွင် ကုမ္ပဏီအား ဖွဲ့ စည်းတည်ထောင်သည့်နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျစေဘဲ ကုမ္ပဏီ၏အသေးစိတ်ဖော်ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သတ် မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဟု ဖော်ပြထားသည်။

Most Read

Most Recent