■ လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 5 March 2022

အိုဆာဆူနာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၇:၃၀ နာရီ)

ခုနောက်ပိုင်း ဗီလာရီးယဲလ်ရဲ့ကစားပုံ၊ ကစားအားနဲ့ ဂိုးသွင်းနှုန်းက အားရစရာကောင်းလာတယ်။ နည်းပြအမ်မရီရဲ့ပွဲ ချဉ်းကပ်ပုံတွေကလည်း အမှားအယွင်းနည်းလာပြီး အလုပ်ပိုဖြစ်လာနေတာလည်း တွေ့ရတယ်။ အိုဆာဆူနာ ကစားပုံမဆိုးလှပေမဲ့ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်နဲ့တော့ ဗီလာရီးယဲလ်ကို ဖိအားပေးနိုင်ဖို့မရှိပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပါပဲ။



အက်စ်ပန်ညို - ဂီတာဖေး (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၄၅ နာရီ)

ဒီပွဲကတော့ ကတ်တလန်-မက်ဒရစ်အားပြိုင်မှု အသေးစား ပွဲလေးတစ်ပွဲလို့ပြောနိုင်တယ်။ လတ်တလော အက်စ်ပန်ညို ကစားပုံလျော့နေပြီး ခံစစ်ပိုင်းအားနည်းနေပုံနဲ့တော့ စိတ်ဓာတ်ပိုင်းရော ကစားပုံပါတက်နေတဲ့ ဂီတာဖေးကို မနည်းထိန်းချုပ်ကစားရဖို့ များနေတယ်။ ဂိုးနည်းသရေပွဲလို့ပဲ ထင်နေမိတယ်။



ဗလင်စီယာ - ဂရန်နာဒါ (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၁၂:၀၀ နာရီ)

ဂရန်နာဒါ အခုတလော နိုင်ပွဲရဖို့ အတော်လေးရုန်းကန်နေရတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးပေါက်ပျောက်နေပြီး အဝေးကွင်းဆို ဂိုးရဖို့ပိုခက်ခဲနေတတ်ပုံနဲ့တော့ ဗလင်စီယာကို ယှဉ်ကစားဖို့မလွယ်ပါဘူး။ ဗလင်စီယာနဲ့ ဂိုးအနည်းပဲရွေးမယ်။



ရီးယဲလ်မက်ဒရစ် - ဆိုစီဒက် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် နံနက် ၂:၃၀ နာရီ)

ထိပ်ဆုံးက ရီးယဲလ်မက်ဒရစ်အတွက် သတိထားရမယ့်ပွဲမျိုးပါပဲ။ ဆိုစီဒက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေတဲ့အသင်းပီပီ လက်ကျန်ပွဲတွေကို ပိုပြီးဂရုစိုက်ကစားတော့မယ့်အသင်းမျိုး ဖြစ်နေတယ်။ ယူရိုပါလိဂ်ကလည်း ထွက်လိုက်ရပြီဖြစ်လို့ ဆိုစီဒက်အတွက် လာလီဂါဘက်ကို ပိုအာရုံစိုက်ခွင့်လည်း ရနေတယ်။ ရီးယဲလ်ကတော့ ခုတလော တိုက်စစ်က ဂိုးသွင်းနှုန်းလျော့လာသလို တွေ့ရတယ်။ ဒါပေမဲ့ သမ္ဘာရင့်အသင်းတစ်သင်းပီပီ နိုင်ပွဲရအောင်တော့ ထိန်းကစားနေနိုင်တဲ့ပုံစံမျိုးတော့ တွေ့နေရတယ်။ လက်ရှိ ဆိုစီဒက်ရဲ့ခြေစွမ်းအရလည်း ဒီပွဲမှာ ရီးယဲလ်အတွက် အရေးကြီးတာက အဝေးကွင်းခံစစ်အားကောင်းတဲ့ ဆိုစီဒက်ဘက်ကို ဂိုးရအောင်သွင်း နိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမဲ့ ဒီပွဲအပြီး ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲ နွှဲရမယ့် ရီးယဲလ်ရဲ့ အခုပွဲအပေါ်  အာရုံစိုက်နိုင်မှုကို ထည့်တွက်ရမယ်ထင်တယ်။ ဆိုစီဒက် သရေတော့ ရအောင်ယူနိုင်တယ်။

Most Read

Most Recent