ပြည်ပခြိမ်းခြောက်မှုများကို ရင်ဆိုင်ရ မည်ဆိုပါက မိမိနိုင်ငံသည် အဏုမြူလက်နက်များကို လက်ခံထားမည်ဟု ဖေဖော်ဝါရီ ၁၇ ရက်တွင် ဘီလာရုစ်ခေါင်းဆောင်အလက်ဇန် ဒါးလူကာရှင်ကိုက ထုတ်ဖော်ပြောကြားခဲ့သည်။
ယူကရိန်းနှင့် ပတ်သက်၍ ဘီလာရုစ် မဟာမိတ် ရုရှားနှင့် အနောက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် လူကာရှင်ကိုက အထက်ပါအတိုင်းပြောကြား လိုက်ခြင်းဖြစ်သည်။
ဘီလာရုစ်သမ္မတလူကာရှင်ကိုသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ရုရှား သမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံခဲ့သည်။ “ကျွန်တော်တို့ရဲဲ့ပြိုင်ဘက်တွေ၊ ကျွန်တော်တို့ ရဲ့့ရန်ဘက်တွေက မကောင်းတဲ့ အစီအမံတွေ ကို လုပ်ဆောင်မယ်ဆိုရင် လိုအပ်ပါက ကျွန်တော်တို့ရဲ့ပိုင်နက်တွေကို ကာကွယ်ဖို့ အဏု မြူလက်နက်တွေကိုသာမ အလွန်ကောင်းတဲ့ အဏုုမြုလက်နက်တွေကိုပါ ကျွန်တော်တို့ ဖြန့်ကြက်ထားမှာဖြစ်ပါတယ်”ဟု လူကာရှင် ကိုက ပြောကြားခဲ့ကြောင်း ဘီလာရုစ်အစိုးရ သတင်းဌာန Belta က ဖော်ပြခဲ့သည်။
မိတ်ဆွေမဟုတ်သော နိုင်ငံများထံမှ ခြိမ်းခြောက်မှုများ ရှိမည်မဟုတ်ဆိုပါက ဘီလာရုစ်တွင် အဏုမြူလက်နက်များကို နှစ်ပေါင်းတစ်ရာကျော် လိုအပ်မည်မဟုတ်ဟု ၎င်းက ပြော ကြားခဲ့သည်။ အဏုုမြူအင်အားကြီးမဟုတ်သော ဘီလာရုစ်သည် ဆိုဗီယက်ပြည်ထောင်စုဟောင်းနိုင်ငံဖြစ်သည်။ ဘီလာရုစ်သည် အဏုမြူလက်နက်များကို လက်ခံထားရေး အတွက် ဖွဲ့စည်းပုံပြင်ဆင်မှုများကို မကြာ ခင်ပြုလုပ်မည်ဖြစ်သည်။














