COVID-19 ဓာတ်ခွဲနမူနာ ၂၄၈၃၆ ခုအား စစ်ဆေးရာ ဓါတ်ခွဲအတည်ပြုလူနာသစ် ၅၀၈ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီမှ ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၂၄၈၃၆ ခုအား စစ်ဆေးရာ ဓါတ်ခွဲအတည်ပြုလူနာသစ် ၅၀၈ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆,၅၄၆,၃၃၇ ခုအား စစ်ဆေးခဲ့ပြီးဖြစ်ကာ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၅၃၈,၄၀၉ ဦး ရှိကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၆ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၇ ဦးရှိသဖြင့် ဆေးရုံ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၅၁၄,၂၂၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော် ဆေးရုံ ကြီး(ခုတင် ၁၀၀၀)၊ နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ ပုဂ္ဂလိကဆေးရုံနှင့်ဓာတ်ခွဲခန်းများ ၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန များတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။















