COVID-19 ကပ်ရောဂါ၏ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှုများ ရပ်တန့်နေမှုအပါအဝင် ကပ်ရောဂါနှင့်ပတ်သက်ပြီးဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အကြီးအကဲသည် တရုတ်ဝန်ကြီးချုပ် လီကီချောင်နှင့် ဖေဖော်ဝါရီ ၅ ရက် တွင် တွေ့ဆုံခဲ့သည်။
၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲအတွက် ပေကျင်းမြို့ကို ရောက်ရှိနေသည့် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို အာဒါနွန် ဂီ ဘရီယေဆုသည် အစည်းအဝေးခန်းမတစ်ခု အတွင်း အရာရှိများနှင့် အတူ ထိုင်နေသည့် ဓာတ်ပုံကို Twitter တွင် တင်ခဲ့သည်။
“ဝန်ကြီးချုပ် လီကီချောင်နဲ့တွေ့ဆုံရတာ ကျေနပ်အားရမိပါတယ်။ ကျွန်တော်တို့ဟာ COVID-19 ကပ်ရောဂါနဲ့ အခုနှစ်ထဲမှာ ကမ္ဘာပေါ်က လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ကာကွယ် ဆေးတွေ သာတူညီမျှရရှိစေဖို့ ပြင်းထန်တဲ့ အားထုတ်ကြိုးပမ်းမှုအတွက် လိုအပ်တာတွေ ကို ဆွေးနွေးခဲ့ကြပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။
ထို့ပြင် တက်ဒရိုက COVID-19 ဗိုင်း ရပ်စ်၏ ဇာစ်မြစ်ကို သိပ္ပံနည်းကျ အထောက် အထားနှင့်တကွ ခိုင်မာသည့် ပူးပေါင်းဆောင် ရွက်မှုဖြင့် အဖြေရှာရန်လိုအပ်ကြောင်း ဆွေး နွေးခဲ့ကြသည်ဟုလည်း ၎င်းင်းက ဆိုုသည်။
“WHO ကို ပိုမိုခိုင်မာအောင် သူ့ရဲ့ ထောက်ခံမှုကို ကျွန်တော်ကြိုဆိုပြီး ကပ်ရော ဂါနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကြိုတင် အသင့်ဖြစ်မှုအခြေအနေအတွက် ဆွေးနွေးခဲ့ ကြပါတယ်”ဟု တက်ဒရိုက ပြောကြားခဲ့သည်။
တရုတ်အစိုးရက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ၎င်းတို့၏ အစည်းအဝေးအတွင်း လီသည် ကပ်ရောဂါကို အနိုင်တိုက်ထုတ်ရန် နိုင်ငံများအကြား နားလည်မှုပိုရှိစေရန်နှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ဟ ဖော်ပြခဲ့သည်။
ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို ခြေရာခံရာတွင် လည်း တက်ဒရိုသည် သိပ္ပံနည်းကျအချက် အလက်များကို လေးစားလိုက်နာပြီး ကပ်ရော ဂါကို နိုင်ငံရေးအသွင်ဆောင်မှုကို ဆန့်ကျင် ခဲ့သည်ဟု ယင်းအစီအရင်ခံစာတွင် ဖော်ပြခဲ့ သည်။
တရုတ်နိုင်ငံဝူဟန်မြို့တွင် ပထမဆုံး COVID-19 ကူးစက်မှုများစတင်တွေ့ရှိခဲ့ သည့် ရက်သတ္တပါတ်များဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းက တက်ဒရို သည် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိလာခြင်းဖြစ်သည်။
ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန ်ကတည်း က ရောဂါကူးစက်ခံရသူ သန်း ၃၇၀ ကျော်ရှိခဲ့ ကာ သေဆုံးသူ ၅.၆ သန်းကျော်ရှိခဲ့သည်ဟု တရားဝင်ထုတ်ပြန်ချက်များကို WHO က ဖော်ပြခဲ့ပြီး အမှန်တကယ်ကူးစက်၊ သေဆုံးသူ အရေအတွက်သည် တရားဝင်ထုတ်ပြန်ထား သည့်အရေအတွက်ထက် ပိုမိုများပြားဖွယ်ရှိ သည်ဟုလည်း ခန့်မှန်းချက်များ ထွက်ပေါ်နေ သည်။
COVID-19 ရောဂါဖြစ်စေသည့် SARS CoV-2ဗိုင်းရပ်စ်အကြောင်းကို သိရှိနား လည်မှုသည် အနာဂတ်ကပ်ရောဂါများကို တားဆီးရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
၂၁၂၁ ခုနှစ် ဇန်နဝါရီလကမူ WHO ၏ ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ဝူဟန်မြို့သို့သွားရောက်ပြီး တရုတ်ပညာရှင် များနှင့်ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ် မြစ်ကို ရှာဖွေခဲ့ပြီး ၂၀၂၁ ခုနှစ်မတ်လတွင် ယင်းလေ့လာရေးခရီးစဉ်ကို ကောက်ချက်ချခဲ့ ရာတွင် ကိုရိုဗိုင်းရပ်စ်သည် လင်းနို့များထံမှ လူသားများဆီသို့ ကြားခံတိရစ္ဆာန်တစ်ကောင် မှတစ်ဆင့် ကူးစက်ခြင်းဖြစ်နိုင်သည်ဟု ဖော် ပြခဲ့သည်။















