စဉ့်ကိုင်မြို့နယ်စျေးနှင့် မြင်းခြံမြို့ စံပြစျေးတွင် စျေးရောင်းချနေသူ ၁၂ ဦး အပါအဝင် Facebook တွင် ပို့စ်တင်ရေးသားသူ ၄၃ ဦးအား တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်လှုံ့ဆော်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း နစကထုတ်ပြန်

စဉ့်ကိုင်မြို့နယ်စျေးနှင့် မြင်းခြံမြို့ စံပြစျေးတွင် စျေးရောင်းချနေသူ ၁၂ ဦး အပါအဝင် Facebook တွင် ပို့စ်တင်ရေးသားသူ ၄၃ ဦးအား တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်လှုံ့ဆော်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း နစကထုတ်ပြန်
Published 5 February 2022

စဉ့်ကိုင်မြို့နယ်စျေးနှင့် မြင်းခြံမြို့ စံပြစျေးတွင် စျေးရောင်းချနေသူ ၁၂ ဦးအပါအဝင် Facebook အကောင့်နှင့် ပေ့ချ်များတွင် ပို့စ်တင်ရေးသားသူများအား နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်းနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗ သီရြိမို့နယ်နေ သန္တာလင်းသည် ၎င်းအသုံး ပြုသည့် Lin Htet Naing Facebook အကောင့်၊ ကရင်ပြည်နယ် ဘားအံမြို့နေ ဒေါက်တာမိသီရိနန္ဒာကျော်သည် ၎င်းအသုံးပြုသည့် Hpa-An News Facebook Page၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ ဆင်ကန်းရပ်ကွက်နေ မဇာနည်ထွန်း (ခ) ဇာလေး (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် ဇာနည်ထွန်း Facebook အကောင့်၊ အင်းစိန် မြို့နေ ဟိန်းကိုသက်သည် ၎င်းအသုံးပြုသည့် မှန်လေးမှန် Facebook အကောင့်၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် အေးသာယာမြို့နေ ရဲဝင်းမိုးသည် ၎င်းအသုံးပြုသည့် Yae Win Moe(Ko Ye)Facebook  အကောင့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နေ မြင့်သိန်းလွင်သည် ၎င်းအသုံးပြုသည့် Myint Thein Lwin Facebook အကောင့်တိုဖြင့် နိုင်ငံတော်တည်ငြိမ် အေး ချမ်းရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ၀ါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အ တွက် ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေး ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြ ထားသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဉ့်ကိုင်မြို့နယ်စည်ပင်သာယာစျေးအတွင်း စျေးရောင်းချနေသူများဖြစ်သည့် စဉ့်ကိုင်မြို့နေ ထွေးပိုင်၊ ဇင်ဇင်ဝင်း၊ ချယ်ရီ ဇင်၊ သင်းသင်းရှိန်၊ လင်းလင်းထိုက်၊ ကျော် မျိုးဟိန်း၊ ဝင်းနိုင်၊ မြမြစန်း၊ သင်းနုဝေ၊ ဖြူဖြူ သက်နိုင်၊ ကျော်စန်း၊ မြင်းခြံမြို့နေ အမှတ် (၁၆)ရပ်ကွက် စံပြစျေးမှစျေးတာဝန်ခံ ချစ် ဆွေ၊ တင်ထွန်း၊ မြင့်ဦးနှင့် စျေးရောင်းချသူ သူဇာမျိုးနှင့်  ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် (၉)ရပ်ကွက် (၃၂) အောက်လမ်း၊ အမှတ်(၇၃) မြေညီထပ်ရှိ ပြည်တော်သာ ကျားသင်္ဘော လက်ဖက်ခြောက်ဆိုင်ပိုင်ရှင် ဝင်းသိန်းပါ ၁၂ ဦးတိုသည် တည်ငြိမ်အေး ချမ်းရေးကို ပျက်ပြားစေရန်  လှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းခဲ့ကြောင်းသ တင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်နေ စောအောင်ကျော်မြင့်သည် ၎င်းအသုံးပြုသည့် Saw Aung Kyaw Myint  Facebook အကောင့်၊ ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ်(၄) ရပ်ကွက်နေ တင့်လွင်(ခ)ကိုတင့်(၄၀)နှစ် သည် ၎င်းအသုံးပြုသည့် Ko Tint, Ko Ngal, Min Lay Facebook အကောင့်၊ ဘားအံမြို့နယ် အမှတ်(၅)ရပ်ကွက်နေ မြင့်နိုင်(၅၅)နှစ် သည် ၎င်းအသုံးပြုသည့် Myint Naing Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နေ ဆွေဆွေထက်(ခ)ပိုးပိုးသည် ၎င်းအသုံး ပြုသည့် Poe Poe Facebook အ ကောင့်၊ တောင်ငူမြို့နယ်နေ ကျော်စွာလင်းသည် ၎င်းအသုံးပြုသည့် Kyaw Swar Lwin(ice) Facebook အကောင့်၊ ရန်ကုန် တိုင်းဒေသကြီး ဒလမြို့နယ်နေ ဝင်းသန့်ဦး သည် ၎င်းအသုံးပြုသည့် Win Thant Oo Facebook အကောင့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမှတ်(၅)ရပ်ကွက်နေ အောင်မျိုး ဆင့်(ခ)ဗိုလ်ဝ(၃၈)နှစ်သည့် ၎င်းအသုံးပြုသည့် Bo Wa Facebook အကောင့်၊ ကမာရွတ်မြို့နယ်နေ ဇင်ကိုကိုအောင်(၂၀)နှစ် သည် ၎င်းအသုံးပြုသည့် Zinko Koaung Facebook အကောင့်၊ လှိုင်မြို့နယ် အမှတ်(၁၆) ရပ်ကွက် အမှတ်(၁၂၅)နေ တင်နွယ်နွယ်(ခ)မနွယ်(၄၅)နှစ်သည် ၎င်းင်း အသုံး ပြုသည့် Ma Nwe Facebook အကောင့်နှင့် ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက် အမှတ်(၁၆၇၃။ခ)နေ ယဉ်ယဉ်နွဲ့ (၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Yin Yin Nawe” Facebook အကောင့်တို့ ဖြင့် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်းများ လုပ်ဆောင် ခဲ့သည့်အတွက် ဖမ်း ဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ပြည်သူများ အနေဖြင့် မသိနားမလည် ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ် ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများ ပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ် မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီး၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက် ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံ ရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း နစကက ထုတ်ပြန်ထားသည်။       

Most Read

Most Recent