စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင် ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ် ဖောက်ခွဲဖျက်ဆီးခံရကြောင်း နစက ထုတ်ပြန်

စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင် ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ် ဖောက်ခွဲဖျက်ဆီးခံရကြောင်း နစက ထုတ်ပြန်
မြင်းမူမြို့အဝင် ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခံရပြီးနောက် တွေ့ရစဉ်
မြင်းမူမြို့အဝင် ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခံရပြီးနောက် တွေ့ရစဉ်
Published 3 February 2022

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင် ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ်တို့ ဖောက်ခွဲဖျက်ဆီးခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ  ၃၁ ရက် ည ၁၁ နာရီအချိန်တွင် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ မြို့နယ်စည်ပင်ရုံးအတွင်းသို့ PDF အဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးခဲ့၍ အဆိုပါရုံးအဆောက်အအုံတွင် တပ်ဆင်ထားသည့် ပြတင်းတံခါးမှန် ကိုးချပ်၊ ဘေစင်တစ်ခုနှင့် Water Cooler တစ်လုံးတို့ ပျက်စီးသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁ ရက် ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မြင်းမူမြို့အဝင်၌ ရွှေတောင်ကုမ္ပဏီမှ တည်ဆောက်ထားပြီး လမ်းအသုံးပြုခများ ကောက်ခံလျက်ရှိသည့် တိုးဂိတ်အား PDF အဖွဲ့ဝင် ၃၀ ခန့်က  Light Truck မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ် ငါးစီးတို့ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်မှုကြောင့် တိုးဂိတ်တွင် တပ်ဆင်ထားသည့် CCTV ၁၈ လုံး၊ Industrial Computer ခြောက်လုံး၊ Touch Monitor ခြောက်လုံး၊ Sever Reck တစ်လုံး၊ Line Station လေးလုံးနှင့် တိုးဂိတ်အဆောက်အအုံ မျက်နှာကြက်အမိုးများ (စုစုပေါင်းခန့်မှန်း တန်ဖိုး ကျပ်သိန်း ၁၀၀၀ ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီး ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

Most Read

Most Recent