၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ လမ်း၊ တံတား ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်း၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၅၀၄ ခုအပါအဝင် ပြည်သူပိုင်နှင့် အစိုးရပိုင်အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ လမ်း၊ တံတား ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်း၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၅၀၄ ခုအပါအဝင် ပြည်သူပိုင်နှင့် အစိုးရပိုင်အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 2 February 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ လမ်း၊ တံတား ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်း၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၅၀၄ ခုအပါအဝင် ပြည်သူပိုင်နှင့် အစိုးရပိုင် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းဆိုင်ရာ ကိစ္စများအနေဖြင့် တပ်မတော်က နိုင်ငံတော်တာဝန်မရယူမီ အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲမသမာမှုများကို UEC က မဖြေရှင်းပေးသည့်အတွက် UEC ကို ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ကြောင်း၊ နိုင်ငံရေးပါတီများက ဖြေရှင်းပေးရန် တောင်းဆိုမှုများကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသည့် အခြေအနေဖြစ်ခဲ့ကြောင်း၊ အခြေခံဥပဒေနှင့်အညီ မဲမသမာမှုများကို ဖြေရှင်းနိုင်ရေးနှင့် ဒုတိယအကြိမ်လွှတ်တော်တွင် မပြီးပြတ်သေးသည့်ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် ထိုအချိန်က လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ အရ ဥပဒေနှင့်အညီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ယိမ်းယိုင်ခဲ့ကာ အငြင်းပွားမှုများမှတစ်ဆင့် တည်ငြိမ်မှုပျက်ပြားခဲ့ရကြောင်း ပြောကြားသည်။

တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူထိန်းသိမ်းပြီးနောက်တွင် နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်ကိုရယူခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ မရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၄ ရက် မန္တလေးမြို့ ဆေးတက္ကသိုလ်ရှေ့တွင် ဆန္ဒပြမှုစတင်ကာ CDM လှုပ်ရှားမှု စတင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် CRPH က NUG အမည်ခံ စင်ပြိုင်အစိုးရဖွဲ့စည်း ဆောင်ရွက်လာခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လူငယ်များအနေဖြင့် EAO နယ်မြေများဖြစ်သည့့် KNU၊  KIA၊ KNPP စသည့် နယ်မြေများတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာ ၇ ရက်နောက်ပိုင်းတွင် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ လမ်း၊ တံတား ဖျက်ဆီးခံရမှု ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်းများ ဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံများ ဖျက်ဆီးခံရမှု ၅၀၄ ခုအပါအဝင် ပြည်သူပိုင်၊ အစိုးရပိုင်အဆောက်အအုံများ ပျက်စီးခဲ့ရကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် သေဆုံးမှုများအနေဖြင့် ရဟန်း၊ သံဃာအပါး ၂၀၊ အစိုးရဝန်ထမ်း ၉၅ ဦးနှင့် ဒဏ်ရာရရှိမှုအနေဖြင့် အစိုးရဝန်ထမ်း ၁၅၃ ဦးအပါအဝင် အရပ်သားများ သေဆုံးဒဏ်ရာရခဲ့ကြောင်း၊ တစ်နှစ်တာကာလပတ်လုံး အကြမ်းဖက်မှု ၉၄၃၇ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လက်နက်မျိုးစုံ ၅၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁၈၉၀ လုံးနှင့် လက်လုပ်မိုင်း/ဗုံး ၁၁၄၂၄ လုံး သိမ်းဆည်းရမိခဲ့ပြီး ကျူးလွန်သူ ၄၃၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent