အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းက စင်ကာပူနှင့် ကာလကတ္တား ခရီးစဉ်များပျံသန်းခြင်းအား ဇန်နဝါရီ ၃၁ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေး ခရီးစဉ်များအဖြစ် ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းက စင်ကာပူနှင့် ကာလကတ္တား ခရီးစဉ်များပျံသန်းခြင်းအား ဇန်နဝါရီ ၃၁ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေး ခရီးစဉ်များအဖြစ် ပျံသန်းမည်
Published 2 February 2022

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက  စင်ကာပူနှင့် ကာလကတ္တားခရီးစဉ်များ ပျံသန်းခြင်းအား ဖေဖော်ဝါရီ ၂၈ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအား ကာကွယ်ရန် ခရီးသွားလာမှု ယာယီကန့်သတ်ကာလအား ထပ်မံတိုးချဲ့ခဲ့သည့်အတွက် မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်များအရ MAI အနေဖြင့် ၎င်း၏လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြင်ဆင်ပျံသန်းသွားမည်ဖြစ်သည်။

ထပ်မံတိုးချဲ့သည့် ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့်ရက်ကို ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့ပြောင်းရွှေ့ခွင့်ပြုပေးမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ရက်အသစ်ကို Rebooking Date ပြုလုပ်ခြင်းနှင့် Refund လျှောက်ထားခြင်းတို့အား ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်  နောက်ဆုံးထား အကြောင်းကြားမေတ္တာရပ်ခံချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းပြင် ပြန်အမ်းငွေထုတ်ပေးခြင်းမရှိသည့် Non-refundable လက်မှတ်များအတွက် Travel Vocher အနေဖြင့် ပြန်အမ်းပေးမည်ဖြစ်ပြီး အဆိုပါ Travel Vocher အနေဖြင့် ၂၀၂၂ ခုနှစ် မေ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး အခြားသူများသို့ လွှဲပြောင်းခွင့်မရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ပျံသန်းခွင့်ရပ်ဆိုင်းထားခြင်းအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ ထိန်း ချုပ်ကုသရေးဗဟိုကော်မတီမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များအားလုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိသက်တမ်းတိုးမြှင့်လိုက် ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ်အစိုးရတာဝန် ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent