နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ယာယီစာရင်းများအရ ကုန်သွယ်မှုပိုငွေ ၆၇၇ သန်းကျော်ရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ယာယီစာရင်းများအရ ကုန်သွယ်မှုပိုငွေ ၆၇၇ သန်းကျော်ရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 1 February 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ယာယီစာရင်းများအရ ကုန်သွယ်မှုပိုငွေ ၆၇၇ သန်းကျော်ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူထိန်းသိမ်းပြီးနောက်ပိုင်း အခြေအနေများကို တင်ပြရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာ၏ ၀ိုင်းဝန်းပိတ်ဆို့မှုများအနေဖြင့် ပြည်တွင်းစီးပွားရေးအခြေအနေနှင့် ပြည်ပသွေးထိုးလှုံ့ဆော်မှုများအရ ဘဏ်လုပ်ငန်းများကို ယုံကြည်မှုကျဆင်းပြီး ပုံမှန်မလည်ပတ်နိုင်သည့်အတွက် ဘဏ်လုပ်ငန်းမှာ ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲလာကာ လုပ်ငန်းရှင်၊ ကုန်သည်များအတွက် ငွေပေးချေမှု၊ ကုန်စည်စီးဆင်းမှု‌များ ခက်ခဲစေခဲ့ကြောင်း၊  မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုဗစ်ရောဂါ ကူးစက်မှုများကြောင့် သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန်(လောင်စာဆီနှင့် ကုန်ကြမ်း)စျေးနှုန်း မြင့်တက်ခြင်း၊ စျေးကွက်တွင် ဝယ်လိုအားကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် စျေးကွက်အတွင်း လိုအပ်သည့် နိုင်ငံခြားငွေဖြည့်တင်းရန်နှင့် စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ်ဆေးဝါး၊ လျှပ်စစ်နှင့် Telecom Sector များအတွက် သွင်းကုန်လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ လိုအပ်ချက်ဖြစ်သည့် အထူးနိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ USD ၅၀၈ ဒသမ ၈သန်းကို ရောင်းချပေးခဲ့ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပြည်ပသို့ ပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလျံ၊ ပြည်ပသွင်းကုန်ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလျံ၊ ကုန်သွယ်မှုပမာဏဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလျံဖြစ်သည့်အတွက် ယာယီစာရင်းများအရ ကုန်သွယ်မှုပိုငွေ ၆၇၇ သန်းကျော်ရှိခဲ့ကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီအနေဖြင့် ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၁၆,၂၇၃ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ပြည်ပ ကြွေးမြီ ကျပ် ၁၈,၁၂၅ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၂၁၅၇၅ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၂၂၀၃၂ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၂၇၉၇၀ ဘီလျံရှိခဲ့ကြောင်း ၎င်းက ဆိုသည်။  

ထို့ပြင် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၂၈၈၆၁ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ်  ၃၄၆၉၈ ဘီလျံ၊ ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၃၅၅၅၀ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၄၀၇၄၉ ဘီလျံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၄၇၆၃၆ ဘီလျံ၊ ၂၀၂၀-၂၀၂၁ (၆လ) ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ကျပ် ၅၂၄၈၈ ဘီလျံရှိခဲ့ကြောင်း၊  ပြည်တွင်း၊ ပြည်ပကြွေးမြီများမှာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာတာကို တွေ့ရှိရပြီး ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ကျဆင်းနေသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ရေရှည်အစီအမံ‌များကို နစကအနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent