နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
Published 1 February 2022

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှလေကြောင်း ခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက် တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည် တင်လေကြောင်းခရီးစဉ်များ (International Commercial Passengter Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်  (Temporaty Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ကို Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး သက်ရောက်မှုကာလကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ သတ်မှတ်ခဲ့သည်။

ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်မျာမှတစ်ဆင့် ကိုဗစ်ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရော ဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို ၂၀၂၂ ခု နှစ် ဖေဖော်ဝါရီ ၂၈ ရက် မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို  ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ် -၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊တားဆီးရေးအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူများသို့ပန်ကြား ချက်၊အမိန့်၊ အမိန့်ကြော်ငြာစာ၊ညွှန်ကြား ချက်များ (ဖြေလျှော့ပေးထားသည့်ကိစ္စရပ်များမပါ)အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ထားကြောင်းကို ဗစ်-၁၉ကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent