အလုပ်အကိုင်အခွင့်အလမ်း တစ်ခုကြောင့် နယ်စပ်တွင် နေ့စဉ်နီးပါး အဖမ်းခံနေရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ

အလုပ်အကိုင်အခွင့်အလမ်း တစ်ခုကြောင့် နယ်စပ်တွင် နေ့စဉ်နီးပါး အဖမ်းခံနေရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ
Published 15 January 2022
ဇော်မိုးဦး (မြိတ်)

 ၂၀၂၂  ခုနှစ် အစပိုင်းလောက်မှာ ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် မြန်မာရွှေ့ပြောင်း လုပ်သားများ နေ့စဉ်နီးပါးအဖမ်းခံနေရတဲ့သတင်းတွေ ဆက်တိုက်ကြားနေရတယ်။

ယခင်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင် ရောက်တဲ့အတွက်အဖမ်းဆီးခံရတဲ့သတင်းတွေကြားရပေမယ့် ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါးလိုလိုဖြစ်ပွားနေတာတွေ့ရတယ်၊ထိုင်းနိုင်ငံအနေဖြင့် အလုပ်သမား လိုအပ် ချက် လွန်စွာများပြားနေတဲ့အပြင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ တရားဝင်အလုပ်သမား ခေါ်ယူမယ့် အနေအထားတွေ၊ ထိုင်းနိုင်ငံအ တွင်းမှာရှိတဲ့ ဗီဇာသက်တမ်းလွန်နိုင်ငံခြားအလုပ်သမားများကို စာရင်းကောက်ယူပြီးအထောက်အထားစုံအောင်ဆောင်ရွက်ပေး နေတဲ့အကြောင်း၊ ထိုင်းနိုင်ငံကို ရောက်နေ ပြီးဖြစ်တဲ့ ဆွေမျိုးမိတ်ဆွေများရဲ့ခေါ်ယူမှု၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသွားမှု၊ နိုင်ငံရေး အခြေအနေများ ကြောင့် မြန်မာနိုင်ငံသားများဟာ နေ့စဉ်နီးပါး နယ်စပ်ကို ဖြတ်ကျော်ပြီး တစ်ဖက်ထိုင်းနိုင်ငံ ကို ဝင်ရောက်ဖို့ကြိုးစားနေခြင်းဖြစ်တယ်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူများ ဟာ တနင်္သာရီတိုင်း ဒေသကြီးဘက်သို့ ပိုမို ခြေဦးလှည့်လာပြီး နယ်စပ်ဒေသများမှ တစ် ဆင့်ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီ၊ ပရာကျွတ် ခီရီခံခရိုင်နှင့် ရနှောင်းခရိုင်များသို့ ဝင်ရောက် ဖို့ ကြိုးစားနေကြတယ်။

ကိုဗစ်ကပ်ရောဂါ ပြင်းထန်နေစဉ်ကာလအတွင်း ထိုင်းနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် နေ ရပ်ပြန်မြန်မာများမှာ နယ်စပ်များမှတစ်ဆင့် အများအပြား ပြန်လည် ဝင်ရောက်လာခဲ့ တယ်၊ ထိုင်းနိုင်ငံအတွင်း ပိတ်မိနေတဲ့မြန်မာ ရွှေ့ ပြောင်းလုပ်သားများဟာမြန်မာနိုင်ငံအတွင်းကို နည်းလမ်းအမျိုးမျိုးဖြင့်ပြန်လည် ဝင်ရောက်ဖို့ ကြိုးစားရတဲ့အတွက် နယ်စပ် မှာပင် ဖမ်းဆီးခံခဲ့ရတဲ့သူတွေအများ အပြား ရှိခဲ့တယ်၊အကြောင်းအမျိုးမျိုးကြောင့်ဖမ်း ဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများကို နေရပ်ပြန်လည် ပို့ဆောင်ခဲ့ကြသလို ထိုင်း နိုင်ငံအတွင်းမှာပဲ သက်တမ်းလွန်နေထိုင် နေရတဲ့သူတွေလည်း ရှိကြတယ်။

“ကိုဗစ် ကပ်ရောဂါဖြစ်တော့ ထိုင်းမှာလုပ်ငန်းတွေအများအပြားရပ်နားလိုက်ကြတယ်၊ မဟာ ချိုင်၊ မက်ကလောင်နှင့်ရနှောင်းမှာရှိတဲ့ ရေ လုပ်ငန်းနှင့် သက်ဆိုင်တဲ့ကုမ္ပဏီတွေလည်း ခေတ္တရပ်ဆိုင်းသွားတယ်၊ကျန်ခဲ့တဲ့သူတွေကကျပန်းလုပ်ပြီးရှင်သန်နေ ရတယ်၊တချို့ လုပ်ငန်းတွေပြန်စတော့ ကျန်ခဲ့တဲ့သူတွေ ကအတော်လေးပင်ပင်ပန်းပန်းလုပ်ရတယ်၊ လုပ်ငန်းခွင်အပြင်ကိုလည်း မထွက်ရဲကြဘူး၊ အဖမ်းအဆီးတွေက နေ့တိုင်းရှိနေတယ်၊ အလုပ်သမားလိုအပ်ချက်တွေများနေပေမယ့် ရောဂါအခြေအနေတွေကြောင့်ပြန်သွားတဲ့သူတွေရှိနေကြတယ်။ အခုတော့ မြန်မာနိုင်ငံ မှာနိုင်ငံရေး အခြေအနေတွေကြောင့်နှင့် အလုပ်လက်မဲ့ များလာတာကြောင့် ထိုင်း ကို ဝင်လာတဲ့သူတွေ အများအပြားဖြစ်လာ တယ်” လို့ ရနှောင်းမြို့ရှိ ရေလုပ်ငန်းတွင် လုပ်ကိုင်နေသည့်မြန်မာရွှေ့ ပြောင်းလုပ်သား တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်း အလဲ ဖြစ်သွားပြီးနောက် ထိုင်းနိုင်ငံအတွင်း သို့ ဝင်ရောက်ရန်ကြိုးစားသည့် မြန်မာနိုင်ငံသားများမှာ တစ်စတစ်စများပြားလာခဲ့ တယ်၊ ပြည်တွင်းရှိ လုပ်ငန်းများ ကျဆင်းသွားမှု ကြောင့် အလုပ်အကိုင် အခွင့်အလမ်း ရှိနိုင် မည့်ထိုင်းနိုင်ငံသို့ ထွက်ခွာမည့်သူ ပိုမို များ ပြားလာခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့်လည်းကိုဗစ်ရောဂါ အခြေအနေများကြောင့်  Quarantine Centre များ အလုံအလောက် ရှိရန် လုပ်ဆောင်နေရသည့်အတွက် ရွှေ့ ပြောင်း လုပ်သားအများအပြား ခေါ်ယူရန် ချင့် ချိန်နေရသည့် အနေထားဖြစ်နေသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် MoU ဖြင့်တရားဝင်သွားလာခွင့်ရှိရန် လုပ်ဆောင်ခဲ့သော်လည်းကြန့်ကြာမှုများဖြစ်နေသည်။မြန်မာနိုင်ငံသားများအနေဖြင့်လည်း ထိုင်းတွင် အလုပ်သမားစာရင်းကောက်ပြီး တရားဝင်လုပ်ဆောင်မည့်ကိစ္စကို မျှော်ကိုးကာ ကြိုတင်ဝင်ရောက်ထားရန်ကြိုးစားနေ ကြတာဖြစ်တယ်၊ထိုင်းနိုင်ငံမှအလုပ်ရှင်များ ကလည်း အလုပ်သမား လိုအပ်ချက်များ ကြောင့် နည်းအမျိုးမျိုးဖြင့် ခေါ်ယူရန် စဉ်း စားနေသည့်အတွက်ယခုကဲ့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ပိုမိုများပြားလာသည်ဟု ရွှေ့ပြောင်းလုပ်သားများ အရေး ဆောင်ရွက်နေသူများက ပြောကြားခဲ့သည်။

“ရွှေ့ပြောင်းအလုပ်သမားတွေက အ များအားဖြင့် ပွဲစားတွေကနေ တစ်ဆင့် တရား မဝင် သွားရောက်တာမျိုး လုပ်နေကြတယ်၊ကျွန်တော်တို့လည်းအသိပညာပေး လုပ် ဆောင်နေတယ်။ ဒါပေမယ့်အလုပ်သမား လိုအပ်ချက်အများကြီးဖြစ်နေတဲ့ထိုင်းနိုင်ငံထဲကိုမြန်မာတွေ နေ့စဉ်နီးပါး တရားမဝင် သွားရောက်နေကြတယ်။ ဖမ်းဆီးခံရပြီးပြန် ပို့တာရှိသလို လဝကအချုပ်ထောင်မှာ ၆ လအထိပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိ တယ်။ နယ်စပ်မှာဖမ်းမိရင် ပြစ်ဒဏ်လျော့ ပေါ့ခံရနိုင်ပေမယ့် ထိုင်းနိုင်ငံအတွင်းမှာ ဖမ်း ဆီးခံရရင်ပြစ်ဒဏ် ပိုမိုကျခံရနိုင်တယ်” ဟု ရွှေ့ပြောင်းလုပ်သားများ အရေးဆောင်ရွက် ပေးနေသူ ဦးမိုးဝေက ပြောကြားခဲ့သည်။

နယ်စပ်မှတရားမဝင်ဖြတ်ကျော်သူများ မှာ လူတစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၅၀၀၀ အထိ ပေးဆောင်ခဲ့ရပြီး ထိုင်းနိုင်ငံသားလမ်းပြ များမှခေါ်ယူပို့ဆောင် ပေးနေသလို ဖမ်းဆီးခံ ရသူများထဲတွင်လည်း ထိုင်းနိုင်ငံသားလမ်းပြများပါဝင်နေကြောင်း ထိုင်းနိုင်ငံသတင်းအရင်းမြစ်များတွင် ဖော်ပြ ထားခဲ့တယ်။ ထိုင်းနိုင်ငံအတွင်းသို့ တရား မဝင် နယ် စပ်ဖြတ်ကျော်ဝင်ရောက်သူများမှာ ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများအဓိကလုပ်ကိုင် ရာဘန်ကောက်၊စမုစခွန်၊ ရနှောင်း၊၊စမုပကန်၊ နခေါင်ပထုံ၊ ပထုံဌာနီ၊ ချွန်ဘူရီနှင့် ချွန်ဖွမ် ခရိုင်များသို့ သွားရောက်ကြိုးစားနေခြင်းဖြစ် ကြောင်း သိရပါတယ်၊

“ပွဲစားတွေကလူတစ်ဦးကိုဘယ် လောက် ဆိုပြီး ကြိုတင်ရတဲ့သူတွေရှိသလို အလုပ် အကိုင်ရရှိမှု ပြန်ဆပ်ပေးမယ်ဆိုပြီး သဘော တူညီချက်နှင့်ငွေကြိုတင်စိုက်ထုတ်ပေးထား ရတဲ့သူတွေလည်း ရှိတယ်။ ထိုင်းကအလုပ် ရှင်တွေက အလုပ်သမားလိုအပ်ချက်ကြောင့် သူတို့လုပ်ငန်းတွေမှာ ကြို တင်ပြီး လုပ်ငန်းခွင် ဝင်ထားမယ်၊ နောက်ပြီးမှ စာရွက်စာတမ်း တွေ လုပ်မယ်ဆိုတဲ့သူတွေလည်း ရှိတယ်။ နယ်စပ်မှာ ဖမ်းဆီးခံရတော့ ရွှေ့ပြောင်းလုပ် သားတွေ၊ ပွဲစားတွေ၊ ထိုင်းအလုပ်ရှင်တွေ အကုန်အခက်တွေ့သွားကြတာပဲ”လို့ ကော့ သောင်းမြို့မှ ဒေသခံတစ်ဦးက ပြောကြား သည်။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်နှင့်ကို ဗစ်ကာလ အတွင်း နေရပ်ပြန်လာသူများရှိပေမယ့် အခု ချိန်မှတော့ အလုပ်အကိုင် မရှိကြတော့တဲ့ မြန်မာနိုင်ငံသားများဟာ အလုပ်အကိုင်ရရှိ မည့်ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာ နေကြ ရပြန်ပါပြီ။

အာရှကျားဖြစ်ခဲ့တဲ့မြန်မာနိုင်ငံ သားများဟာ  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ထိုင်းနိုင်ငံအတွင်း သန်းနှင့်ချီပြီး ရွှေ့ပြောင်း အလုပ်သမားများအဖြစ် ရပ်တည်နေခဲ့ရ တယ်၊

နှစ်ပေါင်း ၃၀ အကြာမှာတော့ ဒုတိယ မျိုးဆက်များမှာလည်း ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်တစ်ခုရရှိဖို့ နည်းလမ်းအမျိုးမျိုး ဖြင့် ထွက်ခွာနေကြရပြန်ပါပြီ။

Most Read

Most Recent