နိုင်ငံတကာ ဖိအားပေးတိုင်းသာ ပိပြားရမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ထောင်စု နိုင်ငံတစ်ခုအဖြစ် လွတ်လပ်ရေးရခဲ့မည် မဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတကာ ဖိအားပေးတိုင်းသာ ပိပြားရမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ထောင်စု နိုင်ငံတစ်ခုအဖြစ် လွတ်လပ်ရေးရခဲ့မည် မဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 14 January 2022

နိုင်ငံတကာ ဖိအားပေးတိုင်းသာ ပိပြားရမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် လွတ်လပ်ရေးရမည် မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သည် ဇန်နဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ယင်းခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတကာဖိအားများ လျော့ကျခြင်းရှိ၊ မရှိ ပြည်တွင်းပြည်ပ သတင်းဌာနများက မေးမြန်းမှုများရှိခဲ့ပြီး နိုင်ငံတကာဖိအားများ လျော့ကျသွားမည်မဟုတ်ဘဲ ဖိအားပေးသည့် နိုင်ငံများက ဆက်လက်ဖိအားပေးနေဦး မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

“ပြောရမယ်ဆိုရင်တော့ ဒီဖိအားတွေနဲ့သာ ပိပြားကြကြေးဆို၊ ဖိအားပေးတိုင်းသာ မြန်မာနိုင်ငံသည် ပိရမယ်၊ ပြားရမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ် ရေးရမှာမဟုတ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံ့မြေပုံဟာလည်း ဒီအနေအထားအတိုင်း ဆက်ရှိစရာ အကြောင်း မရှိပါဘူး”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယခင်ကတည်းကပင် မြန်မာနိုင်ငံအပေါ်သဘောထားမှန်ကန်သည့်နိုင်ငံများ၊ မြန်မာနိုင်ငံအပေါ် မှန်ကန်သော ရပ်တည်ချက်ရှိသည့်နိုင်ငံများက မြန်မာနိုင်ငံ၏ ကမ္ဘာ့အခန်းကဏ္ဍအား ပြန်လည်မြှင့်တင်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

Globalization ခေတ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံကြပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိမည့်၊ မှန်ကန်စွာရှုမြင်သော နိုင်ငံများကို မြန်မာနိုင်ငံက ပိုမိုဆက်ဆံသွားမည်ဖြစ်ကာ ယင်းသည် လက်တွေ့ကျသော ခရီးလမ်းဖြစ်သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent