မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသားတစ်ဦးတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိ

မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသားတစ်ဦးတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိ
Published 7 January 2022

Relief Flight များဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသားတစ်ဦး စုစုပေါင်း ၁၂ ဦးတွင် ကိုဗစ်-၁၉ ဗီဇပြောင်း SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း" များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို ပြည်ပနိုင်ငံ များမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိခဲ့မှုအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သတင်းတွင် ပါရှိသည်။

ထိုသို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၂၂)ခုအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ကိုဗစ် ၁၉ ရောဂါ မျိးရိုးဗီဇစစ်ဆေးခြင်းကို အမျိးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁,ဝဝဝ) တိုတွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၁၂)ခုတွင် တွေ့ရှိရကြောင်း သတင်းတွင် ပါရှိသည်

အဆိုပါအိုမီခရွန်ရောဂါပိုးတွေ့ ရှိသူ (၁၂)ဦးမှာ မြန်မာနိုင်ငံသား (၁၁) ဦးနှင့် နိုင်ငံခြားသား (၁) ဦးဖြစ်ပြီး Relief Flight များဖြင့် ဝင်ရောက်လာသူ ယူအေအီးနိုင်ငံမှရှစ်ဦးမလေးရှားနိုင်ငံမှသုံးဦး နှင့် အိန္ဒိယနိုင်ငံမှတစ်ဦး ဖြစ်ကြောင်း သိရသည်

အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသ စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၄င်းတိုနှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent