ရွှေ့ဆိုင်းခဲ့ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လာမည့်ပွဲရပ်နားကာလ၌ ပြန်လည်ယှဉ်ပြိုင်ကစားနိုင်သည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ခွင့်ပြု

ရွှေ့ဆိုင်းခဲ့ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လာမည့်ပွဲရပ်နားကာလ၌ ပြန်လည်ယှဉ်ပြိုင်ကစားနိုင်သည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ခွင့်ပြု
Photo: Daily Mail
Photo: Daily Mail
Published 7 January 2022

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) သည် ကိုဗစ်နှင့် ဒဏ်ရာပြဿနာများကြောင့် ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လာမည့် ပွဲရပ်နားကာလတွင် ပြန်လည်ယှဉ်ပြိုင်ကစားနိုင်သည်ဟု ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပွဲရွှေ့ဆိုင်းရမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း(၁၈)ပွဲ ရွှေ့ဆိုင်းခဲ့ရသည်။

ယင်းအနက် (၄)ပွဲကိုသာ ပြန်လည်ကစားရမည့်ရက် သတ်မှတ်နိုင်သေးပြီး ကျန်ပွဲများကို သတ်မှတ်နိုင်ခြင်းမရှိသေးပေ။

ပရီးမီးယားလိဂ်အသင်းများအနေဖြင့် ပြည်တွင်းဖလားပွဲများလည်း ရှိနေသည့်အတွက် ပြန်ကစားရမည့်ရက် သတ်မှတ်ရန် အခက်တွေ့နေခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ဖီဖာက ဇန်နဝါ ရီ(၂၄)မှ ဖေဖော်ဝါရီ(၂)ရက်နေ့အထိ ရပ်နားရမည့် နိုင်ငံတကာရက်သတ္တပတ်အတွင်း ရွှေ့ဆိုင်းပွဲများကို ပြန်ကစားနိုင်ကြောင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ယင်းကာလအတွင်းတွင် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများ ရပ်နားထားရမည်ဖြစ်သော်လည်း ယခုအခါ အထူးအခြေအနေအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

သို့သော် နိုင်ငံလက်ရွေးစင်အသင်းများမှ ကစားသမားများကိုမူ ပြန်လည်စေလွှတ်ပေးရမည်ဟု သိရသည်။

ယင်းကာလတွင် ဥရောပနိုင်ငံအသင်းများ၏ ပွဲစဉ်များမရှိသော်လည်း တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ရှိနေသည်။

ပရီးမီးယားလိဂ်ကမူ ဖီဖာ၏ ခွင့်ပြုမှုအပေါ် ဆုံးဖြတ်ရခြင်းမရှိသေးဟု သိရသည်။

Most Read

Most Recent