တူရကီကလပ်အသင်းတစ်သင်းကို ဝယ်ယူရန် အိုဇေးလ် စီစဉ်နေ

တူရကီကလပ်အသင်းတစ်သင်းကို ဝယ်ယူရန် အိုဇေးလ် စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 6 January 2022

ဖီနာဘာချီအသင်းမှ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်သည် တူရကီတတိယတန်းကလပ် အသင်းတစ်သင်းကို ဝယ်ယူရန်စီစဉ်နေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

တူရကီတတိယတန်းကလပ် Corum FK အသင်းဥက္ကဋ္ဌ အိုကန်က အိုဇေးလ်၏အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးက မိမိတို့အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေသည်ဟု ဖွင့်ဟခဲ့သည်။

အိုဇေးလ်သည် Corum FK အသင်းကို ယူရို (၁.၃)သန်းဖြင့်ဝယ်ယူရန် အသင့်ရှိနေပြီး ယင်းကိစ္စမှာ ဖြစ်မြောက်လာဖွယ်ရှိကြောင်း Bild က ဖော်ပြခဲ့သည်။

Most Read

Most Recent