ပိုချက်တီနိုကို နည်းပြဖြစ်လာရန် မန်ယူကစားသမားများ အလိုရှိ

ပိုချက်တီနိုကို နည်းပြဖြစ်လာရန် မန်ယူကစားသမားများ အလိုရှိ
Photo: The Sun
Photo: The Sun
Published 6 January 2022

မန်ယူကစားသမားများသည် လာမည့်ရာသီတွင် PSG နည်းပြ ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် အလိုရှိနေကြကြောင်း The Mirror က ဖော်ပြခဲ့သည်။

မန်ယူကစားသမားများသည် လက်ရှိနည်းပြ ရန်းနစ်၏နည်းစနစ်များကို နှစ်သက်ခြင်းမရှိဘဲ ဆိုးလ်ရှား ရာထူးမှထုတ်ပယ်မခံရမီကတည်းက ကွန်တီကို အသင်းနည်းပြအဖြစ်ခန့်အပ်ရန် အလိုရှိခဲ့ကြကြောင်း သိရသည်။

သို့သော် ကွန်တီမှာ စပါးအသင်းကို ကိုင်တွယ်သွားသဖြင့် မန်ယူအသင်းကစားသမားများသည် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ပိုချက်တီနိုကို မြင်တွေ့လိုနေကြကြောင်း The Mirror က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent