ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(II)က ပေးအပ်သည့် နှစ်သစ်ကူးဂုဏ်ပြုစာရင်းတွင် ဆယ်ကျော်သက်တင်းနစ်မယ် ရာဒူကာနူ MBE ဘွဲ့ ချီးမြှင့်ခံရ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(II)က ပေးအပ်သည့် နှစ်သစ်ကူးဂုဏ်ပြုစာရင်းတွင် ဆယ်ကျော်သက်တင်းနစ်မယ် ရာဒူကာနူ MBE ဘွဲ့ ချီးမြှင့်ခံရ
Photo: Getty Images
Photo: Getty Images
Published 2 January 2022

 

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(II)က ပေးအပ်သည့် နှစ်သစ်ကူးဂုဏ်ပြုစာရင်းတွင် ဆယ်ကျော်သက်တင်းနစ်မယ် ရာဒူကာနူ MBE ဘွဲ့ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွက် နှစ်သစ်ကူးဂုဏ်ပြု စာရင်းတွင် အားကစားနှင့် အနုပညာအပါ အဝင် နယ်ပယ်အသီးသီးမှ ထင်ရှားကျော် ကြားသူစုစုပေါင်း ၁၁၂၂ ဦး ပါဝင်ပြီး ဆာဘွဲ့ (အမျိုးသား)၊ Dame ဘွဲ့ (အမျိုးသမီး)၊ CBE၊ OBE နှင့် MBE ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။

နိုဝင်ဘာလအတွင်း အသက် ၁၉ နှစ် ပြည့်ခဲ့သူ ရာဒူကာနူသည် စက်တင်ဘာလဆန်းက ကျင်းပသည့် ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲ အဆင့်မှ စတင်ယှဉ်ပြိုင်ကစားပြီးနောက် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။ 

၎င်းအနေ ဖြင့် ၄၄ နှစ်အတွင်း ဂရင်းစလင်းချန်ပီယံဆု ရရှိသည့် ပထမဆုံး ဗြိတိန်တင်းနစ်မယ်အဖြစ်လည်းကောင်း၊ Open Era တွင် ကျင်းပသည့် ဂရင်းစလင်းပြိုင်ပွဲများ၌ လက်ရည်စစ်ပွဲမှ ယှဉ်ပြိုင်ကစားပြီးနောက် ပထမဆုံး ချန်ပီယံ ဆုရရှိသူ (အမျိုးသား/အမျိုးသမီး) အဖြစ်လည်းကောင်း၊ အသက်အငယ်ဆုံး ဗြိတိန် ဂရင်းစလင်းချန်ပီယံအဖြစ်လည်းကောင်း စသည့်စံချိန်မှတ်တမ်းများ ရေးထိုးနိုင်ခဲ့သောကြောင့် MBE ဘွဲ့ချီးမြှင့်ခံရခြင်းဖြစ်သည်။ ရာဒူကာနူသည် BBC သတင်းဌာနက ချီးမြှင့် သည့် BBC Sports Personality of the Year ဆုကိုလည်း ဆွတ်ခူးရရှိထားသည်။

ထို့ပြင် အိုလံပစ်ရွှေတံဆိပ်ဆုရှင် စက်ဘီးစီး ဇနီးမောင်နှံဖြစ်သူ ဂျေဆင်ကန်နီနှင့် လော်ရာကန်နီမှာ ဆာဘွဲ့နှင့် Dame ဘွဲ့၊ ရေကူးသမား အဒမ်ပီတီနှင့် ဒိုင်ဗင်သမား တွမ်ဒါလေမှာ OBE ဘွဲ့ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent