■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 2 January 2022

ဘရန့်ဖို့ဒ် - အက်စတွန်ဗီလာ (တနင်္ဂနွေည ၈း၃၀ နာရီ)

ဘရန့်ဖို့ဒ်က ခြေစွမ်းပိုင်းမဆိုးပါဘူး။ ဒါပေမဲ့ ခံစစ်ပြဿနာ ရှိလာတယ်။ ပြီးတော့ ခြေမငြိမ်တဲ့ပြဿနာလည်း ရှိတယ်။ အက်စတွန်ဗီလာက ဂျရတ်လက်ထက် အစောပိုင်း ကာလတွေလောက် ရလဒ်ပိုင်း မကောင်းတော့ဘူး။ ဒါပေမဲ့ ခြေစွမ်းပိုင်းတည်ငြိမ်ပြီး အ မြဲတမ်း မာမာကျောကျော ကစားနိုင်လေ့ရှိတာ တွေ့ရတယ်။ ဘရန့်ဖို့ဒ်ကွင်းမှာ သရေ လောက်တော့ ဖြစ်လိမ့်မယ်ထင်တယ်။

အဲဗာတန် - ဘရိုက်တန် (တနင်္ဂနွေည ၈း၃၀ နာရီ)

ဘရိုက်တန်က နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုင်း နည်းနည်းပြန်တက်လာတယ်။ မာ မာကျောကျော ပြန်ကစားလာနိုင်ပြီး ကျစ်လျစ်တဲ့အသင်းမျိုးလည်းဖြစ်လာတယ်။ အဲဗာ တန်က ဘရိုက်တန်ထက် လူအင်အားပိုတောင့်တင်းပြီး တစ်ဦးချင်းကောင်းတဲ့ ကစားသ မားတွေများတယ်။ ခြေစွမ်းကတော့ စိတ်မချရဘူး။ ခြေတွေ့ရင် အသင်းကြီးတွေကိုလည်း ဒုက္ခပေးနိုင်တယ်။ အိမ်ကွင်းမှာတော့ အဲဗာတန် သရေနဲ့ အနိုင်ပါပဲ။

လိဒ်စ် - ဘန်လေ (တနင်္ဂနွေည ၈း၃၀ နာရီ)

လိဒ်စ်က ဒီရာသီမှာ အခြေအနေတော်တော်ဆိုးတယ်။ ပေးလိုက်ရတဲ့ဂိုးတွေက လည်း မယုံနိုင်စရာအရေအတွက်တွေ ဖြစ်နေတယ်။ တိုက်စစ်ကစားပုံကလည်း ထင်သ လောက် အားမကောင်းဘူး။ ဘီယဲလ်ဆာ စတင်ကိုင်တွယ်ချိန်ကတည်းက အဆိုးရွားဆုံး အခိုက်အတန့်ကို ရောက်နေတယ်။ ဘန်လေက လိဒ်စ်လောက် ကစားပုံမကောင်းပေမဲ့ ပိုမာကျောပါတယ်။ ဒီပွဲလည်း ဘန်လေကို ကြိုက်တယ်။

ချယ်လ်ဆီး - လီဗာပူးလ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

လီဗာပူးလ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လက်စတာကို ရှုံးနိမ့်သွားခဲ့တယ်။ လီဗာပူးလ်အသင်းက အဓိက ကစားသမား တချို့ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် ဆုံးရှုံးရခါနီးမှာ ဒီလိုရလဒ်ဆိုးခဲ့တာ အသင်းရဲ့စိတ်ပိုင်းဆိုင်ရာအတွက် မကောင်းဘူး။ အလားတူပဲ ဒီပွဲမှာသာ ရလဒ်ထပ်ဆိုးခဲ့ရင် လီဗာပူးလ်က မန်စီးတီးကို ဖိအားပေးနိုင်ဖို့ ခက်သွားနိုင်တယ်။ လီဗာ ပူးလ်အတွက် ဆိုးတဲ့အချက်က ကလော့ပ်က သူ့စိတ်ကြိုက်လူစာရင်းကို တည်ဖို့ ခက်နေတဲ့အခြေအနေဖြစ်ပြီး သီယာဂို၊ အော် ရီဂီတို့လို ကစားသမားတွေ မကစားနိုင်ဖို့ များနေတယ်။ ချယ်လ်ဆီးက တူဟယ်လ်လက်ထက်အသင်းနဲ့ လီဗာပူးလ်ကို မရှုံး သေးဘူး။ ကစားရမှာကလည်း အိမ်ကွင်းဖြစ်နေတယ်။ လက်ရှိလူအင်အားကလည်း လီဗာပူးလ်ကို ကောင်းကောင်းယှဉ်နိုင်တဲ့ အနေအထားရှိတယ်။ ချယ်လ်ဆီးကို ကြိုက်တယ်။

 

Most Read

Most Recent