■ လီဗာပူးလ်ကစားသမား (၃)ဦး COVID-19 ကူးစက်ခံခဲ့ရပြီး ချယ်လ်ဆီးနှင့်ပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိနေ 

■ လီဗာပူးလ်ကစားသမား (၃)ဦး COVID-19 ကူးစက်ခံခဲ့ရပြီး ချယ်လ်ဆီးနှင့်ပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိနေ 
Photo: Getty Images
Photo: Getty Images
Published 1 January 2022

လီဗာပူးလ်အသင်းကစားသမားများကို သောကြာနေ့က COVID-19 စစ်ဆေးရာတွင် ကစားသမား (၃)ဦး Positive ဖြစ်ခဲ့ပြီး ထပ်မံကူးစက်မှုများ ရှိလာနိုင်သည့်အတွက် ချယ်လ်ဆီးအသင်းနှင့်ကစားမည့်ပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်း ဗြိိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ဇန်နဝါရီ (၂)ရက်(တနင်္ဂနွေနေ့)တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၂၁)အဖြစ် ချယ်လ်ဆီးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

သို့သော် သောကြာနေ့က ပြုလုပ်သည့် COVID-19 စစ်ဆေးမှုတွင် ကစားသမား (၃)ဦး Positive အဖြေထွက်ခဲ့ပြီး စိုးရိမ်စရာအခြေအနေ ဖြစ်နေကြောင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။ 

ကလော့ပ်က "COVID-19 စစ်ဆေးရာမှာ အသင်းကစားသမား (၃)ဦး Positive အဖြေထွက်ခဲ့ပြီး အသင်းဝန်ထမ်းတွေမှာလည်း Positive ထွက်ခဲ့သူတွေ များပါတယ်။ ဘယ်ကစားသမားတွေ Positive ထိတယ်ဆိုတာကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်တို့ PCR test တွေ ပြုလုပ်ရဦးမှာဖြစ်ပြီး အခြေအနေကို စောင့်ကြည့်ရမှာပါ"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းတွင် ကစားသမား (၃)ဦး COVID-19 ကူးစက်ခံခဲ့ရသလို၊ သီယာဂိုအပါအဝင် ဒဏ်ရာရကစားသမားများလည်း များပြားနေသဖြင့် ချယ်လ်ဆီးအသင်းနှင့်ကစားမည့်ပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ယာဂန်ကလော့ပ်ကမူ မိမိတို့အနေဖြင့် ချယ်လ်ဆီးအသင်းနှင့်ကစားမည့်ပွဲကို ရွှေ့ဆိုင်းရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ တောင်းဆိုခြင်းမရှိသေးကြောင်းနှင့် အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent