ဘာစီလိုနာအသင်းမှ နောက်ခံလူဆာဂျီညိုဒက်စ်ကို အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်တို့ စောင့်ကြည့်နေ

ဘာစီလိုနာအသင်းမှ နောက်ခံလူဆာဂျီညိုဒက်စ်ကို အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်တို့ စောင့်ကြည့်နေ
Photo: Getty Images
Photo: Getty Images
Published 25 December 2021

 

အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် ဘာစီလိုနာအသင်းမှ အမေရိကန်နောက်ခံလူ ဆာဂျီညိုဒက်စ်၏ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။ 

ဆာဂျီညိုဒက်စ်(၂၁ နှစ်)သည် ဘာစီလိုနာအသင်းကို နည်းပြသစ် ဇာဗီ ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း အနာဂတ်မရေမရာဖြစ်လာခဲ့ပြီး ယူရို(၃၅)သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ခံရတော့မည်ဟု သတင်းထွက်နေသည်။ 

ဘာစီလိုနာအသင်းသည် ငွေသားဖြင့် ကမ်းလှမ်းလာသည့်အသင်းထံ ၎င်းအား ရောင်းထုတ်ရန် ဆန္ဒရှိနေပြီး အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်တို့က ဇန်နဝါရီတွင် ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent