■ ဖယ်ရန်တောရက်စ်၏နေရာအတွက် ဇန်နဝါရီတွင် အစားထိုးမည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု

■ ဖယ်ရန်တောရက်စ်၏နေရာအတွက် ဇန်နဝါရီတွင် အစားထိုးမည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 25 December 2021

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘာစီလိုနာအသင်းသို့ ရောင်းချမည့် ဖယ်ရန်တောရက်စ်၏နေရာအတွက် ဇန်နဝါရီတွင် တိုက်စစ်ကစားသမားသစ် အစားထိုးခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြောကြား သည်။

    

မန်စီးတီးအသင်းသည် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် စပိန်လက်ရွေးစင်ကြယ်ပွင့်ကစားသမား ဖယ်ရန်တောရက်စ် (၂၁ နှစ်) ကို ဘာစီလိုနာအသင်းထံ ရောင်းချရန် သဘောတူညီီမှုရထားပြီဖြစ်ကြောင်း ဗြိတိန်နှင့် စပိန်သတင်းဌာနများစွာက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်းအနေဖြင့် ဖယ်ရန်တောရက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနှင့် add-ons ကြေး ယူရို ၁၀ သန်း ပေး ချေရမည်ဖြစ်ရာ ပြောင်းရွှေ့ကြေးစုစုပေါင်းမှာ ယူရို ၆၅ သန်းအထိ ရောက်ရှိသွားနိုင် ကြောင်း သိရသည်။ 

၎င်း၏အပြောင်းအရွှေ့ နှင့်ပတ်သက်၍ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက "လူသစ်ထပ်ခေါ်ဖို့မရှိပါဘူး။ ဇန်နဝါရီမှာ ဘယ်တိုက်စစ်မှူးကိုမှ ခေါ်ယူမှာ မဟုတ်ပါဘူး။ ဆီကီ(ဘီဂီရီစတိန်း)က ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကျွန်တော့်ကို တရားဝင်ဘာမှမပြောသေးပါဘူး။ အဲဒီတော့ ကျွန်တော်လည်း ဖြေလို့မရပါဘူး။ သူတို့ဆွေးနွေးနေတာ ကျွန်တော်သိပါတယ်။ အဲဒါက နီးစပ်နေပြီလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်သိတာ ဒီလောက်ပါပဲ။ အပြီးသတ်ပြီဆိုရင် အသင်းက ထုတ်ပြန်ပါလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မဟုတ်သေးပါဘူး။ ဒီကိစ္စက အားလုံးပြီးသွားပြီလို့ ဆီကီက ကျွန်တော့်ကို ဖုန်းဆက်ပြောတာ၊ စာပို့တာမျိုး မရှိသေးပါဘူး"ဟု ပြောကြားသည်။

Most Read

Most Recent