ပလက်ဝမြို့နယ်တွင် အင်ဂျင်နီယာတစ်ဦးအပါအဝင် ရွာသားခုနစ်ဦး လက်နက်ကိုင်ဆောင်ထားသူများ၏ ဖမ်းဆီးခြင်းခံရပြီး ခြောက်ဦးအသတ်ခံရကာ ဒဏ်ရာများဖြင့် တစ်ဦးလွတ်မြောက်လာဟု နစက ထုတ်ပြန်

ပလက်ဝမြို့နယ်တွင် အင်ဂျင်နီယာတစ်ဦးအပါအဝင် ရွာသားခုနစ်ဦး လက်နက်ကိုင်ဆောင်ထားသူများ၏ ဖမ်းဆီးခြင်းခံရပြီး ခြောက်ဦးအသတ်ခံရကာ ဒဏ်ရာများဖြင့် တစ်ဦးလွတ်မြောက်လာဟု နစက ထုတ်ပြန်
Published 18 December 2021

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကနောင်ကျေးရွာမှ အင်ဂျင်နီယာတစ်ဦးအပါအဝင် ရွာသားခုနစ်ဦးသည် ဒီဇင်ဘာ ၁၆ ရက်က လက်နက်ကိုင်ဆောင်ထားသူများ၏ ဖမ်းဆီးခြင်းခံရပြီး ခြောက်ဦးအသတ်ခံရကာ ဒဏ်ရာများဖြင့် တစ်ဦးလွတ်မြောက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပလက်ဝမြို့နယ်၊ ကနောင်ကျေးရွာသို့ ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ကိုင်ဆောင်ထားသူများသည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာနေ အကြီးတန်းအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဦးနေလင်းဦးနှင့် ခူမီးလူမျိုးများ ဖြစ်ကြသည့် ဦးဝါယောင်း အပါအဝင်ခြောက်ဦး စုစုပေါင်းခုနစ်ဦးတို့အား လက်ပြန်ကြိုး တုတ်ရိုက်နှက်ကာ ကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံခန့်အကွာသို့ ဖမ်းဆီးခေါ်ဆောင်၍ ပစ်သတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးနေလင်းဦး အပါအဝင် ကျေးရွာသားခြောက်ဦး သေဆုံးခဲ့ပြီး ဦးဝါယောင်းသည် လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၄ နာရီခန့်တွင် ကျေးရွာသို့ပြန်လည်ရောက်ရှိလာသဖြင့် ဆမီးမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက် ရှိကြောင်း  သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent