■ လေ့ကျင့်မှု ပြန်စနေသော်လည်း မန်ယူအသင်း၌ COVID-19 ကူးစက်ခံရသူ ပိုများလာ

■ လေ့ကျင့်မှု ပြန်စနေသော်လည်း မန်ယူအသင်း၌ COVID-19 ကူးစက်ခံရသူ ပိုများလာ
Photo: Manchester United
Photo: Manchester United
Published 17 December 2021

မန်ယူအသင်းအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် လေ့ကျင့်မှုအစီအစဉ် ပြန်လည်စတင်ခဲ့သော်လည်း COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ပိုများလာကြောင်း သိရသည်။

    

မန်ယူအသင်းသည် ကစားသမားများနှင့် ဝန်ထမ်းများတွင် COVID-19 ရောဂါ ကူးစက်ခံရမှုရှိနေသဖြင့် တနင်္လာနေ့က လေ့ကျင့်ရေးကွင်းကို ပိတ်ခဲ့ရသလို အင်္ဂါနေ့က ဘရန့်ဖို့ဒ်အသင်းနှင့်ကစားမည့် အဝေးကွင်း ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။ 

ဗုဒ္ဓဟူးနေ့တွင် လေ့ကျင့်မှုအစီအစဉ် ပြန်လည်စတင်ခဲ့သော်လည်း COVID-19 တွေ့ရှိသူဦးရေမှာ ပိုတိုးလာ ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေခြင်းကြောင့်  ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် လာမည့် စနေ၊ တနင်္ဂနွေတွင် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များထဲမှ စုစုပေါင်း(၅)ပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အစောပိုင်းက မန်ယူ- ဘရိုက်တန်ပွဲကို ရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့ပြီး ယခုအခါ ဆောက်သမ်တန် - ဘရန့်ဖို့ဒ်၊ ဝက်ဖို့ဒ် - ပဲလေ့စ်၊ ဝက်စ်ဟမ်း - နောဝစ်ချ်နှင့် အဲဗာတန် - လက်စတာပွဲများကို ထပ်မံရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent