ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲပြန်ခွဲမှုအတွက် စပိန်အားကစားသတင်းစာများ ပြင်းပြင်းထန်ထန် ဝေဖန်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲပြန်ခွဲမှုအတွက် စပိန်အားကစားသတင်းစာများ ပြင်းပြင်းထန်ထန် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 15 December 2021

 

ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်  မဲခွဲမှုတွင် အမှားအယွင်းများဖြစ်ပေါ်ခဲ့ပြီးနောက် မဲပြန်ခွဲမှုအတွက် စပိန်နာမည်ကြီး အားကစားသတင်းစာများက ပြင်းပြင်းထန်ထန် ရေးသားခဲ့ကြသည်။

ဗီလာရီးယဲလ်နှင့် ဆုံတွေ့ရမည့်အသင်းကို မဲနှိုက်ရွေးချယ်ရာတွင် အုပ်စုတူအသင်း ဖြစ်သည့် မန်ယူကို နှိုက်မိကာ ပြဿနာစပေါ် ခဲ့ပြီးနောက် အက်သလက်တီကိုနှင့် ဆုံတွေ့ရမည့်အသင်းစာရင်းတွင်လည်း မန်ယူအသင်း ပါဝင်ခြင်းမရှိဘဲ အုပ်စုတူ လီဗာပူးလ်အသင်း ပါဝင်နေခဲ့သောကြောင့် ဥရောပဘောလုံးအ ဖွဲ့ချုပ် (UEFA) က မဲခွဲပွဲကို ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့မဲခွဲပွဲပြန်လည်ပြုလုပ်ရာ၌ အက်သလက်တီကိုအသင်းမှာ ဘိုင်ယန်မြူးနစ်အစား မန်ယူ၊ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဘင်ဖီကာအစား PSG အသင်း နှင့် တွေ့ဆုံခဲ့ရသည်။ ထို့ကြောင့် UEFA ၏ မှားယွင်းမှုသည် ရီးယဲလ်အသင်းအတွက် အ ထိနာစရာဖြစ်ခဲ့သည်။ 

မက်ဒရစ်အခြေစိုက် Marca သတင်းစာက ဒီဇင်ဘာ ၁၄ ရက်ထုတ် မျက်နှာဖုံးတွင် မဲခွဲသည့်ပုံနှင့်အတူ စပိန်ဘာသာဖြင့် VERGUEFA (Shame) ဟု ရေးသားကာ UEFA အပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ အခြားစပိန်အားကစားသတင်းစာ များဖြစ်သည့် AS နှင့် Sport တို့ကလည်း အငြင်းပွားစရာဖြစ်ခဲ့သည့် ချန်ပီယံလိဂ်မဲခွဲ ပွဲကို အံ့အားသင့်စရာကောင်းသည့်ဖြစ်ရပ်ဟု နေ့စဉ်ထုတ်သတင်းစာများတွင် ဝေဖန်ခဲ့ကြသည်။

Most Read

Most Recent