လိုင်လီ - လိုင်ယွန် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
လီဂူးပြိုင်ပွဲရဲ့ အသင်းကြီး (၂)သင်း တွေ့တဲ့ပွဲဆိုပေမဲ့ လက်ရှိအချိန်မှာတော့ (၂)သင်းစလုံး ဇယားအလယ်မှာ လမ်း ပျောက်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဂုဏ်သိက္ခာအရ ပြိုင်ဆိုင် မှုပြင်းထန်ဦးမှာပါ။ ခြေမှန်နေတဲ့ အိမ်ရှင်လိုင်လီကိုပဲ ရွေးမယ်။
အန်ဂါစ် - ကလယ်မွန့် (တနင်္ဂနွေည ၈း၃၀ နာရီ)
(၇)ပွဲဆက် နိုင်ပွဲပျောက်ပြီး တန်းဆင်းဇုန်ထဲရောက်နေတဲ့ ကလယ်မွန့်အတွက် မျှော်လင့်စရာမရှိပါဘူး။ အန်ဂါစ်ပဲ နိုင်မယ်။
မက်ဇ် - လော်ရီယန့် (တနင်္ဂနွေည ၈း၃၀ နာရီ)
တန်းဆင်းဇုန်ထဲက ရုန်းထွက်နေတဲ့ မက်ဇ်ရဲ့ အိမ်ကွင်း ကစားအားကို သတိထားရမယ်။ လော်ရီယန့်က ရှုံးပွဲတွေဆက်ပြီး ခြေကျနေတဲ့အသင်းပါ။ မက်ဇ်တို့ အနိမ့်ဆုံးသရေပါပဲ။
ရန်းစ် - နိုက်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ဥရောပဝင်ခွင့်အတွက် ပြိုင်ဆိုင်နေတဲ့အသင်း(၂)သင်းရဲ့ တွေ့ဆုံမှုကလည်း အကြိတ်အနယ်ရှိဦးမှာပါ။ ဒါပေမဲ့ လက်ရှိမှာ ရန်းစ်က အိမ်ရှင်ဖြစ်တဲ့အပြင် နိုင်ပွဲတွေလည်း ခပ်စိပ်စိပ်ယူနေ တာ တွေ့ရတယ်။ ရန်းစ်တို့ အနိမ့်ဆုံးသရေပါပဲ။
ထရွိုင်စ် - ဘော်ဒိုး (တနင်္ဂနွေည ၈း၃၀ နာရီ)
နှစ်သင်းစလုံးရဲ့ လက်ရှိခြေစွမ်းက အားရစရာမရှိပါဘူး။ ဒါပေမဲ့ အိမ်ကွင်း (၈)ပွဲမှာ (၅)ပွဲအမှတ်ယူထားတဲ့ ထရွိုင်စ်ရဲ့က စားအားကို ယုံကြည်ရပါမယ်။ ထရွိုင်စ် အနိမ့်ဆုံးသရေပါပဲ။
စထရာဘိုး - မာဆေးလ် (တနင်္ဂနွေည ၁၀း၃၀ နာရီ)
စထရာဘိုးက ရလဒ်တွေ ဆက်တိုက်ကောင်းနေပြီး အိမ် ကွင်းဆိုရင် ခြေပိုတွေ့လေ့ရှိတယ်။ မာဆေးလ်ကလည်း ကွင်းမ ရွေး ခြေမာတဲ့အသင်းပါ။ သရေကျဖို့များတဲ့ပွဲပါပဲ။
PSG - မိုနာကို (တနင်္လာနံနက် ၂း၁၅ နာရီ)
ပြီးခဲ့တဲ့နှစ်အပိုင်းအခြားတွေမှာတော့ ဒီ(၂)သင်းတွေ့ ဆုံမှုဟာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်ခဲ့ပေမဲ့ လက် ရှိအချိန်မှာတော့ နှစ်သင်းကြား ရပ်တည်မှုအရရော၊ ခြေစွမ်းအရ ပါ ကွာခြားချက်ကြီးခဲ့ပါပြီ။ ဒါပေမဲ့ PSG အသင်း (၂)ပွဲဆက် သရေကျချိန်မှာ (၅)ပွဲဆက်ရှုံးပွဲမရှိဘဲ ခြေပြန်ငြိမ်နေသလို၊ တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းခြေပြန်တွေ့လာတာကိုတွေ့ရ တယ်။ ဒီအတွက်လည်း အခုပွဲမှာ ချန်ပီယံဆုတိုက်ပွဲအတွက် မဟုတ်တော့ပေမဲ့ မိုနာကိုတို့ PSG ကို ဒုက္ခပေးဖို့ကြိုးစား ဦးမှာပါ။ လက်ရှိခြေစွမ်းအရ မိုနာကိုတို့ သရေမျှော်လင့်ခွင့်ရှိ နေပြီး PSG နိုင်ရင်တောင် ကပ်နိုင်လောက်ပဲ ဖြစ်လိမ့်မယ်။















