ဗီလာရီးယဲလ် - ဗယ်လက်ကာနို (တနင်္ဂနွေည ရး၃၀ နာရီ)
အမ်မရီအတွက် ဖိအားများနေတဲ့အချိန် ဖြစ်နေတယ်။ အသင်းကို နိုင်ပွဲတွေပြန်ရှာပေးနိုင်ဖို့ အရေးကြီးနေတာလည်း တွေ့ရတယ်။ ဗီလာရီးယဲလ် ကစားပုံမဆိုးလှပေမဲ့ အခုတလော တိုက်စစ်က ဂိုးရဖို့ရုန်းနေရတာ တွေ့ရတယ်။ ဗယ်လက်ကာနို ကစားပုံက အဝေးကွင်းမှာတော့ အားနည်းသလိုရှိတာကြောင့် ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ရွေးကြည့်ထားချင်တယ်။
အိုဆာဆူနာ - ဘာစီလိုနာ (တနင်္ဂနွေည ၉း၄၅ နာရီ)
ဇာဗီဟာ ဘာစီလိုနာကို ပြောင်းလဲနိုင်ဖို့ကို ကြိုးစားဆဲ ပါပဲ။ အထူးသဖြင့် ဂိုးသွင်းအားမရှိတဲ့ ဘာစီလိုနာကို ဂိုးတွေ ရလာတဲ့အသင်းအဖြစ် ဇာဗီ မပြောင်းလဲနိုင်သေးဘူး။ အခု အိုဆာဆူနာနဲ့ပွဲမှာလည်း ဘာစီလိုနာအတွက် အဓိကစကား ပြောသွားမှာက ဂိုးသွင်းနှုန်းပဲဖြစ်တယ်။ အိုဆာဆူနာက အိမ် ကွင်းမှာ ဘာစီလိုနာကို အခက်တွေ့အောင် တုံ့ပြန်နိုင်စွမ်းရှိ တဲ့အသင်းလို့ ပြောနိုင်တယ်။ အိုဆာဆူနာတိုက်စစ်က ပုံမှန်မ ဟုတ်ပေမဲ့ လိုအပ်ရင် ခံစစ်ကို ကောင်းကောင်းကစားနိုင်တာ ကို ရီးယဲလ်နဲ့ အဝေးကွင်းဂိုးမရှိသရေပွဲမှာ မြင်ထားရလို့ အခု လည်း အိမ်ကွင်းမှာ ခံစစ်အားနဲ့ တုံ့ပြန်လာရင် ဂိုးသွင်းမယ့်သူ အားနည်းနေတဲ့ ဘာစီလိုနာ အခက်တွေ့ဦးမယ့်ပွဲတစ်ပွဲ ဖြစ် သွားနိုင်တယ်။ ဘာစီလိုနာ နိုင်ရင်တောင် ဂိုးပြတ်ဖို့မလွယ် လှတဲ့အခြေအနေမှာ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲ ရွေးထားရင် ကောင်းမယ်ထင်တယ်။
ဘက်တစ် - ဆိုစီဒက် (တနင်္လာနံနက် ၀၀း၀၀ နာရီ)
ဆိုစီဒက် ကစားပုံအခုတလော နည်းနည်း လျော့သွားသ လိုပါပဲ။ အထူးသဖြင့် တိုက်စစ်က ဂိုးရဖို့ ပိုရုန်းကန်လာနေရ တယ်။ ဘက်တစ်ကတော့ အမှားနည်းအောင် ကစားနေနိုင်ပြီး ခြေစွမ်းပိုင်းက ပြောစရာသိပ်မရှိဘူး။ အိမ်ကွင်းဆိုရင် ဘက်တစ် ကစားပုံက ပိုထိရောက်တတ်လို့ ဆိုစီဒက် သိပ်မလွယ်လောက် ဘူးထင်တယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ရီးယဲလ်မက်ဒရစ် - အက်သလက်တီကို (တနင်္လာနံနက် ၂း၃၀ နာရီ)
ရီးယဲလ် နိုင်ပွဲတွေဆက်နေတယ်။ ကစားပုံလည်း ငြိမ် နေတယ်။ တိုက်စစ်မှာ ဗင်နီစီယပ်စ်ရဲ့သွင်းဂိုးတွေပို မြင်လာ ရသလို၊ အခုဆို ယိုဗစ်ကပါ အစွမ်းတွေပြလာနေတာက အန် ဆယ်လော့တီအတွက် ကျေနပ်စရာပါပဲ။ တိုက်စစ်က ဂိုးတွေရ လာပေမဲ့ ခံစစ်ကိုတော့ နည်းနည်းသတိထားရဦးမယ်။ လာလီ ဂါနောက်ဆုံး(၂)ပွဲဆက် ပေးဂိုးမရှိ ကစားနိုင်ခဲ့တဲ့ပုံစံကို ဆက် ထိန်းထားနိုင်ဖို့ လိုတယ်။ အက်သလက်တီကိုရဲ့ ဒီရာသီခြေစွမ်း က အားရစရာဖြစ်မလာသေးဘူး။ ချန်ပီယံလိဂ်နဲ့ လာလီဂါ(၂)ခုစလုံးမှာ ရုန်းကန်နေရပြီး အခုလည်းချန်ပီယံလိဂ်အဆုံးအဖြတ် ပွဲအပြီး ဘာနေဗျူးကို သွားကစားရမှာဆိုတော့ အိမ်ရှင် ရီးယဲလ် လောက် သက်သက်သာသာမရှိနိုင်တာလည်း သေချာတယ်။ အစဉ်အလာတွေအရ မက်ဒရစ်ဒါဘီ ဘာနေဗျူးမှာ အသာစီး ရနေတာက အိမ်ရှင် ရီးယဲလ်ဆိုတော့ ရီးယဲလ်နဲ့ ဂိုးအနည်းပဲ ရွေးထားရမယ်။















