ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် မက်ဆီ အင်တာဗျူးပြုလုပ်ခဲ့ပြီး အကောင်းဆုံးဘောလုံးသမားဖြစ်လာရန် ဆန္ဒမရှိခဲ့ကြောင်း ပြောကြား

ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် မက်ဆီ အင်တာဗျူးပြုလုပ်ခဲ့ပြီး အကောင်းဆုံးဘောလုံးသမားဖြစ်လာရန် ဆန္ဒမရှိခဲ့ကြောင်း ပြောကြား
Photo: France Football
Photo: France Football
Published 6 December 2021

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ရွေးချယ်ချီးမြှင့်သည့် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d'Or ကို ရရှိခဲ့သည့် PSG အသင်းနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် အဆိုပါမဂ္ဂဇင်းနှင့် အင်တာဗျူးပြုလုပ်ခဲ့ရာတွင် အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်လာရန် မည်သည့်အခါကမျှ ဆန္ဒမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မက်ဆီသည် Ballon d'Or ဆုကို (၇)ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး သမိုင်းတစ်လျှောက် အများဆုံးရရှိသူဖြစ်ခဲ့သည်။

ထို့ပြင် ဒုတိယနေရာမှ အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုမှာ (၅)ကြိမ်သာ ရရှိထားသဖြင့် Ballon d'Or ဆု အများဆုံးရရှိသူအဖြစ် သမိုင်းတွင်ရန်လည်း အလားအလာများနေသည်။

သို့သော် ယင်းကဲ့သို့ ဘောလုံးသမိုင်းတွင် ထာဝရအကောင်းဆုံးဖြစ်လာရန် စဉ်းစားခဲ့ဖူးသလားဟု မေးမြန်းခဲ့ရာ မက်ဆီက ''ကျွန်တော် ကိုယ့်ကိုယ့်ကို အကောင်းဆုံးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးသလို၊ အဲဒီအတွက်လည်း တွန်းအားပေးကြိုးစားခြင်း မရှိခဲ့ပါဘူး။ တခြားသူတွေက ကျွန်တော့်ကို ဘောလုံးသမိုင်းမှာ အကောင်းဆုံးတွေထဲက တစ်ယောက်လို့ သတ်မှတ်တာကပဲ လုံလောက်တာထက် ပိုပါတယ်။ ဒါက ကျွန်တော် စိတ်မဝင်စားတာတွေထဲက တချို့ပါ။ ကျွန်တော် ဘယ်တုန်းကမှ အကောင်းဆုံးမဖြစ်ချင်ခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိမိအနေဖြင့် အခြားသူများ၏ စံပြကစားသမားတစ်ဦးအဖြစ် ရှိနေရမည်ကိုလည်း သဘောမကျကြောင်း၊ ယင်းအတွက် အကြံÓဏ်ပေးရမည်ကိုလည်း မလိုလားကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် Ballon d'Or ဆုပေးပွဲကို နိုဝင်ဘာ (၂၉)တွင် ပြုလုပ်ခဲ့ပြီးနောက် မက်ဆီနှင့် အင်တာဗျူးကို ပြီးခဲ့သည့် စနေနေ့က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် PSG အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် ပါရီတွင် ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်ခဲ့ခြင်ဖြစ်သော်လည်း မရထိုက်ဟု ဝေဖန်မှုများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

Most Read

Most Recent