■ နတ်ဘုရားကြီးရဲ့ နေဝင်ချိန်

■ နတ်ဘုရားကြီးရဲ့ နေဝင်ချိန်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 4 December 2021
AK

"ကျွန်တော် တကယ်ဂုဏ်ယူတာပါ။ မီလန်က လူငယ်တွေဟာ တာဝန်ယူချင်စိတ် ရှိလွန်းတာလည်း တွေ့ရတယ်။ သူတို့ရဲ့ စိတ်ခံယူချက်ကြောင့် ကျွန်တော့်ဘဝဟာ နေပျော်နေတာပါပဲ။ သူတို့နဲ့အတူ ကျွန်တော် အပြေးပြိုင်ချင်တဲ့အထိ စိတ်အားထက်သန်နေတာပါ"လို့ မိုဗစ် ပြောပါတယ်။ အဲဒီလို စိတ်အားထက်သန်မှုမျိုးဟာ လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်ကတည်းက မိုဗစ် ခန္ဓာကိုယ်ထဲ လည်ပတ်နေခဲ့တာ၊ လူငယ်တွေရဲ့ မျက်လုံးထဲ သူ့ကိုလူပိုကြီးလို့လည်း အထင်မခံချင်ဘူး။ ဒါကြောင့်ပဲ မိုဗစ်က  အားကောင်းမောင်းသန်လှုပ်ရှားနိုင်အောင် ရုန်းကန်နေတာပါပဲ။ သူက လူငယ်တွေကို ခြယ်လှယ်ချင်တာ၊ ဆရာကြီးလုပ်ချင်တာမဟုတ်ဘူး။ သူက စံပြပုဂ္ဂိုလ်အဖြစ် တည်ရှိချင်တာပါပဲ။