လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၉ ရက်အထိ မြန်မာ-တရုတ်နယ်စပ် မူဆယ်မှ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၅ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၃၀ ခန့်လျော့ကျ

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၉ ရက်အထိ မြန်မာ-တရုတ်နယ်စပ် မူဆယ်မှ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၅ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၃၀ ခန့်လျော့ကျ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ်
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ်
Published 2 December 2021

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ မြန်မာ-တရုတ်နယ်စပ် မူဆယ်မှ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၅သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၃၀ ခန့် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၉၃ ဒသမ ၇၁၁ သန်းရှိပြီး သွင်းကုန်တန်ဖိုးဒေါ်လာ ၁ ဒသမ ၆၅၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၃၆၂ သန်းရရှိခဲ့သည်။

ယခင်နှစ်ကာလတူက မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ၅၂၇ ဒသမ ၅၃၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ၁၉၇ ဒသမ ၄၃၀ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၂၄ ဒသမ ၉၆၄ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာကုန်အထိ  မြန်မာ-တရုတ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၂ သမ ၁၄၉ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုးဒေါ်လာ ၆ ဒသမ ၇၂၉ဘီလျံကျော် တင်သွင်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမ ှစက်တင်ဘာအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၄၉ဒသမ ၂၂၆ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၂၀ ဒသမ ၀၅၂ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၉ ဒသမ ၁၇၄ သန်းတင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန်တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးဇုန်သုံးခုအနက် ကနဦးစီမံကိန်း (Pilot Project) အဖြစ် မူဆယ်-ရွှေလီဇုန် အပိုင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းအောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်၍ ကျန်ဇုန်နှစ်ခုကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စီမံကိန်းဆောင်ရွက်မှုဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဇုန်အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီက မြန်မာနိုင်ငံဘက်ခြမ်း၌ နယ်စပ်ပူးပေါင်း ဆောင်ရွက်မှုဇုန်အတွက်မြေနေရာ သတ်မှတ်ပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်များ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေ့လာဆန်းစစ်များ ဆောင်ရွက်ပြီးပါက နယ်စပ်ပူးပေါင်းဆောင်ရွက်ရေး ဇုန်တည်ဆောက်ရေးအတွက် ရင်းနှီးတည်ဆောက်သူများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံ စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန် ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့် ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent