ကမ္ဘာ့ရွှေစျေး ၁၇၇၀ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၇၇၂၀၀၀  ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေစျေး ၁၇၇၀ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၇၇၂၀၀၀  ဝန်းကျင်ရှိနေ
Published 2 December 2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၇၀ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေး ကျပ် ၁၇၇၂၀၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဒီဇင်ဘာ ၂ ရက်တွင် ပြည်တွင်းရွှေစျေးအနေဖြင့် ၁၆ ပဲရည် အခေါက်ရွှေစျေးမှာ ကျပ် ၁၇၇၂၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ကျပ် ၁၆၆၈၀၀၀ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၃ ရက်တွင် ပြည်တွင်းရွှေစျေး ၁၆ ပဲရည် အခေါက်ရွှေစျေး ကျပ် ၁၇၈၈၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးမှာကျပ် ၁၆၈၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။

စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၃၃ ဝန်းကျင်ရှိပြီး ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ အောက်တိုဘာ ၅ ရက်တွင် ကျပ် ၁၈၈၂၀၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။

အောက်တိုဘာ ၅ရက်တွင် ပြည်တွင်းရွှေစျေး ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၈၂၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးကျပ် ၁၇၃၃၅၀၀ ဝန်းကျင်ရှိခဲ့သည်။

စက်တင်ဘာ၂၇ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများ မှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၀၂၀၀၀၀ ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၈၅၉၀၀၀ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ်  စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉  ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ရွှေစျေးကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀၊  စက်တင်ဘာလအတွင်း ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

Most Read

Most Recent