■ ဗီယာရာအတွက် ဒုတိယမြောက် ဇာတ်ဝင်ခန်း

■ ဗီယာရာအတွက် ဒုတိယမြောက် ဇာတ်ဝင်ခန်း
Photos: AFP
Photos: AFP
Published 27 November 2021
အယ်နီညို

ခရစ္စတယ်ပဲလေ့စ်အသင်းကို ဗီယာရာ ကိုင်တော့မယ်ဆိုတော့ ပရီးမီးယားလိဂ်ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်။ ဗီယာရာအတွက်လည်း သူ့အပေါ်  တစ်ချိန်က ယုံကြည်ကိုးစားခဲ့သူတွေအတွက် သက်သေပြဖို့ နောက်တစ်ကြိမ် အခွင့်အရေးထပ်ရခဲ့တာပဲ။ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်မှာ နည်းစနစ်ဒါရိုက်တာ လုပ်ခဲ့ဖူးတဲ့ ရောဘတ်စ်က သူ့ရဲ့လက်ထောက်အဖြစ် ပါလာတယ်။ ပဲလေ့စ်ကို ရောက်ရောက်ချင်း ဗီယာရာ လုပ်တဲ့အလုပ်က လူငယ်တွေအတွက် လမ်းဖွင့်ပေးဖို့နဲ့ သူ့ရဲ့အိုင်ဒီယော်လော်ဂျီကို တည်ဆောက်ဖို့ ကြိုးစားခဲ့တာပဲ။