အာမိုရင်မ်အား မန်ယူအသင်း နည်းပြသစ်အဖြစ်ခန့်အပ်မှု နိုင်ငံတကာရက်သတ္တပတ်စတင်ချိန်အထိ ကြန့်ကြာဖွယ်ရှိ

အာမိုရင်မ်အား မန်ယူအသင်း နည်းပြသစ်အဖြစ်ခန့်အပ်မှု နိုင်ငံတကာရက်သတ္တပတ်စတင်ချိန်အထိ ကြန့်ကြာဖွယ်ရှိ
Photo: Fabrizio
Photo: Fabrizio
Published 31 October 2024

မန်ယူအသင်းသည် နည်းပြဟောင်း တန်ဟက်ဂ်၏နေရာအတွက် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ဟူဘင်အာမိုရင်မ်ကို အစားထိုးခန့်အပ်ရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသော်လည်း  နိုင်ငံတကာရက်သတ္တပတ်စတင်ချိန်အထိ ကြန့်ကြာဖွယ်ရှိကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်အတွက် စာချုပ်လျော်ကြေး ယူရို ၁၀ သန်းပေးချေရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။

သို့သော် စပို့တင်းလစ္စဘွန်းအသင်းနှင့် ၎င်းတို့အကြား စာချုပ်အချက်အလက်များအရ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာရန် နိုင်ငံတကာရက်သတ္တပတ် စတင်သည့် နိုဝင်ဘာ ၁၁ ရက်အထိ ကြန့်ကြာဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

စပို့တင်းလစ္စဘွန်းအသင်းက အာမိုရင်မ်ကို အရေးကြီးပွဲစဉ်များပြီးမှသာ မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် တောင်းဆိုနေကြောင်းလည်း သိရသည်။

သို့ဖြစ်ရာ ယာယီနည်းပြ နစ္စတယ်ရွိင်းအနေဖြင့် ချယ်လ်ဆီး၊ PAOK၊ လက်စတာတို့နှင့် ပွဲစဉ် သုံးပွဲကို ဆက်လက်ကိုင်တွယ်ရဖွယ်ရှိသည်။

Most Read

Most Recent