နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီထိ ဓါတ်ခွဲနမူနာစုစုပေါင်း ၂၄၈၅၅ ခုအား စစ်ဆေးပြီးစီးရာ COVID - 19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာသစ် ၆၂၅ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၂၅ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် နိုဝင်ဘာ ၁၃ ရက်အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ထပ်မံသေဆုံးသူဦးရေ ၁၁ ဦးရှိသဖြင့် နိုဝင်ဘာ ၂၀ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁၉၀၁၁ ဦးရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၂၀ ည ၈ နာရီအထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၅၃၅၁၁၁၁ ခု ကိုစစ်ဆေးခဲ့ရာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၁၇၃၉၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ထို့အတူ နိုဝင်ဘာ ၂၀ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၈၇၅ ဦးရှိသဖြင့် စုစုပေါင်း ၄၉၀၀၁၅ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီဖြစ်ကြောင်းသိရသည်။















