■ ယုံကြည်မှုဖြင့် ပြန်လည်တည်ဆောက်ခြင်း 

■ ယုံကြည်မှုဖြင့် ပြန်လည်တည်ဆောက်ခြင်း 
Photos: AFP, Getty Images & Sky Sports
Photos: AFP, Getty Images & Sky Sports
Published 20 November 2021
Phoe Thar

အာဆင်နယ်ဘုတ်အဖွဲ့ဟာ ရာသီအစ (၃)ပွဲဆက်ရှုံးနိမ့်မှုအပြီးမှာ အာတီတာ ကို ရာထူးကထုတ်ပယ်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်အသင်းပိုင်ရှင် ကရွန်ကီဟာ နောက်ထပ် (၅)ပွဲစောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့တယ်။  အဲဒီစောင့်ကြည့်ကာလမှာပဲ အာတီတာဟာ ရလဒ်ကောင်းတွေနဲ့ ယုံကြည်မှုပြန်တည်ဆောက်ပြီး သူ့ရဲ့နည်းပြ ထိုင်ခုံကို ရာနှုန်းပြည့် ပြန်လည်ငြိမ်သက်စေခဲ့တယ်။ ဒီလိုမျိုးတည်ငြိမ်တဲ့ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိချိန်မှာ အာတီတာဆိုခဲ့တဲ့စကားက "ကျွန် တော့်ကစားသမားတွေရဲ့ အရည်အသွေးနဲ့ လုပ် ဆောင်နိုင်စွမ်းကို ယုံကြည်မှုအပြည့်အဝရှိတယ်"ဆိုတာပါပဲ။ နည်းပြနဲ့ ကစားသမားအကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ခြင်းဟာ ကလပ်အသင်းတစ်သင်းရဲ့ အောင်ပွဲဆီသွားရာလမ်းမှာ အရေးပါဆုံးအချက်ဖြစ်တယ်။