မရမ်းကုန်းမြို့နယ် မင်းဓမ္မအိမ်ရာအတွင်း မြွေနှစ်ကောင် ဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ် မင်းဓမ္မအိမ်ရာအတွင်း မြွေနှစ်ကောင် ဖမ်းဆီးရမိ
Published 19 November 2021

ဖမ်းဆီးရမိသည့် မြွေတစ်ကောင်ကို တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Rescueman)

မရမ်းကုန်းမြို့နယ် မင်းဓမ္မအိမ်ရာအတွင်း မြွေနှစ်ကောင်ကို  နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မအိမ်ရာအတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ လုံးပတ် တစ်ပေခွဲ၊ အရှည် ၁၅ ပေရှိသည့် မြွေတစ်ကောင်နှင့် လုံးပတ် ၁၀ လက်မ၊ အရှည်ကိုးပေရှိ အခြား မြွေတစ်ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ဖမ်းဆီးခဲ့သည့် မရမ်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

“မနက်က အဲဒီအိမ်ရာထဲက သူတွေက သတင်းပေးလို့ သွားရောက် ဖမ်းဆီးတာပါ။မရမ်းကုန်းမီးသတ်က သွားဖမ်းတာပါ။ အခက်အခဲကတော့ အကောင်ကြီးတော့ မတရားရုန်းတယ်။အခုတော့ ထောက်ကြန့်က ဘေးမဲ့ တောကို လွှတ်ပေးလိုက်ပါတယ်”ဟု မြွေသွား ရောက်ဖမ်းဆီးခဲ့သည့် မရမ်းကုန်းမြို့နယ်မီး သတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြွေနှစ်ကောင်ကို မရမ်းကုန်းမြို့နယ် မီးသတ်မှ ဒုတိယဦးစီးမှူး ဦးသိန်းလင်းသန့်၊ တပ်ကြပ်ကြီး ဦးတိုးအောင်နှင့် တပ်သားတစ် ဦး စုစုပေါင်း သုံးဦးက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။အဆိုပါမြွေနှစ်ကောင်ကို ထောက်ကြန့်ရှိ ဘေး မဲ့တောသို့ သွားရောက်လွှတ်ပေးခဲ့သည်။

Most Read

Most Recent