ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိခဲ့ပြီး ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိခဲ့ပြီး ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်
Published 18 November 2021

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်း ကမ်းလွန်-အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေ) တို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း  မြို့ ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၆၇၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်း  မြို့၏ အနောက်တောင်ဘက် ရေမိုင် ၇၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်  မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်၊ ပူဒူချယ်ရီ  မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင် ခန့် အကွာ  ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

ယင်းမုန်တိုင်းငယ် ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါ သဖြင့် အဝါရောင်အဆင့် သတ်မှတ်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ် သည် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲအချိန် ၌ မြောက်လတ္တီကျု ၁၁ ဒီဂရီနှင့် အရှေ့လောင် ဂျီကျု ၈၂ ဒသမ ၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။

အဆိုပါ မုန်တိုင်းငယ် သည်  အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး လာမည့် ၂၄ နာရီအ တွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေတို့ကို ချင်းနိုင်  မြို့အနီးမှ ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။

ဆက်လက်ပြီး မုန်တိုင်းငယ် ၏အရှိန်ကြောင့် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး တွင် နေရာကျဲကျဲနှင့် ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ် ချုန်းရွာနိုင်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင် ကြောင်း သိရသည်။

ယင်းအပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေ ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင် လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေခြင်းကြောင့် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းအထိ တနင်္သာရီတိုင်းဒေသကြီး တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ် ချုန်းရွာမည်ဖြစ်ပြီး  ရွာရန်ရာနှုန်း ၈၀  ဖြစ် ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ် ကြာင်း သိရသည်။

 

Most Read

Most Recent