စစ်ကိုင်းတိုင်းဒေသကြီးတမူးမြို့ နယ်စပ်ရှိနန်းဖာလုံစျေးကို ဧပြီ ၂၁ ရက်နံနက်ခင်းက တွေ့ရစဉ်
မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်လကျော်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၇၃ သိန်း ရရှိ ပြီး ယခင်နှစ်ကာလတူ၌ ရရှိခဲ့သည့် ကုန် သွယ်မှုပမာဏထက် ထက်ဝက်နီးပါး လျော့ ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁-၂၀၂၂ Mini Budget တစ်လကျော်အတွင်း တမူးနယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ ၇၇၃ သိန်းရရှိသည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၁ ဒသမ ၅၂၂ သန်းရရှိခဲ့ သည်။ အဆိုပါကာလတူနှစ်ခုနှိုင်းယှဉ်ပါက လက်ရှိကာလ တစ်လကျော်အတွင်း ယခင် နှစ် ကာလတူထက် ဒေါ်လာ ၇၄၉ သိန်း ကျော် လျော့ကျခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ သြဂုတ်အထိ ကိုးလအတွင်း မြန်မာ -အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ် လာ သန်း ၁၂၆၀ ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၇၃၀ နီးပါးအထိ တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ သြဂုတ်အထိ ကိုးလအတွင်း မြန်မာ -အိန္ဒိယ ကုန်သွယ်မှုတွင် မြန်မာဘက်မှ ပို့ ကုန်တန်ဖိုးဒေါ်လာ ၇၂၉ ဒသမ ၉၇၁ သန်း၊ အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၅၃၅ ဒသမ ၁၇၉ သန်းဖြင့် ကုန်သွယ်မှုပမာ ဏ ဒေါ်လာ ၁၂၆၅ ဒသမ ၁၄၉ သန်းရှိသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ အထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းခဲ့သည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံ မှ ဒေါ်လာ ၈၈၄ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၇၃ သန်းကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာ ၂၆၂ သန်းကျော်ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ အထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထာသည့်နိုင်ငံများတွင် တရုတ်၊ စင် ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေး ရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ အထိ နှစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံ စာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၈၉၃ ဒသမ ၇၄ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်း နိုင်ငံသို့ ဒေါ်လာ ၃၉ရဒသမ ၂၉ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ် တည်နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၁၄၃ ဒသမ ၁၉ သန်း၊ ဂျပန်နိုင်ငံသို့ဒေါ်လာ ၁၃၁ ဒသမ ၂၉သန်း၊ အမေရိကန်သို့ ဒေါ်လာ ၉၈ ဒသမ ၀၄ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၆၇ ဒသမ ၈၆ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၅၆ ဒသမ ၄၃ သန်း၊ UK သို့ ဒေါ်လာ ၅၅ ဒသမ ၉ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၄၈ ဒသမ ၉၁ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၄၆ ဒသမ ၅၁ သန်းတင်ပို့ခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန MITC ပထမထပ်တွင် India Help Desk ကို ဖွင့်လှစ်ထား ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ အမှတ် ၆၂၂/၆၂၆ ရှိ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှု ဗဟိုဌာန ပထမထပ်တွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်မှ စတင်၍ အိန္ဒိယ နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက် အလက်များ ဖြန့်ဝေနိုင်ရန်အတွက် Overseas Agro Traders Association (OATA) မှ India Help Desk ကို ဖွင့်လှစ် ထားပြီးဖြစ်ကြောင်း သိရသည်။ OATA သည် အိန္ဒိယနိုင်ငံသို့ အဓိကပဲတင်ပို့နေ သော မြန်မာကုမ္ပဏီများနှင့် ပဲတင်သွင်းသူ အိန္ဒိယကုမ္ပဏီများ ဦးဆောင်ဖွဲ့စည်းထား သော မြန်မာနိုင်ငံအခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ပဲတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်သောကြောင့် ပဲစျေးကွက်တည်ငြိမ်ခိုင်မာရေးနှင့် စျေး ကွက်သစ်များ ရရှိရေးသည်များစွာ အရေးကြီးသည်။ ထို့ကြောင့် OATA မှ ဖွင့်လှစ် ထားသော India Help Desk သည် မြန်မာ့ ပဲစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများ အတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး အိန္ဒိယပဲစျေးကွက်ဆိုင်ရာ သတင်းအချက် အလက်များကို သိရှိလိုပါက Ms. Karishma Nehta (Coordinator) ဖုန်း-၀၉၈၉၀၉-၉၂၂၄၉ နှင့် oatam2014 @gmail.com သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။















