အိုဆင်မန်၏အပြောင်းအရွှေ့အတွက် စုံစမ်းစစ်ဆေးမှုများကို စိတ်မပူကြောင်း နာပိုလီဥက္ကဋ္ဌ ပြောကြား

အိုဆင်မန်၏အပြောင်းအရွှေ့အတွက် စုံစမ်းစစ်ဆေးမှုများကို စိတ်မပူကြောင်း နာပိုလီဥက္ကဋ္ဌ ပြောကြား
Photo: football-italia
Photo: football-italia
Published 18 November 2021

နာပိုလီအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က အသင်းတိုက်စစ်မှူး အိုဆင်မန်၏ အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေမှုများကို စိတ်မပူကြောင်း New York Times သတင်းစာသို့ ပြောကြားခဲ့သည်။

အီတလီအစိုးရရှေ့နေများသည် ငွေကြေးခဝါချမှုသံသယဖြင့် ပြီးခဲ့သည့် (၂)ရာသီအတွင်း စီးရီးအေကလပ်အသင်းများ ပြုလုပ်ခဲ့သည့် ကစားသမားအပြောင်းအရွှေ့ (၆၂)ခုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းကစားသမားအပြောင်းအရွှေ့(၆၂)ခုတွင် ဂျူဗင်တပ်စ်အသင်းက (၄၂)ခုဖြင့် အများဆုံးပါဝင်နေပြီး နာပိုလီအသင်းမှာလည်း လိုင်လီမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို ယူရို(၇၁.၂၅)သန်း+ဆုကြေးများဖြင့် ခေါ်ယူခဲ့ခြင်းနှင့် လိုင်လီအသင်းထံ ကစားသမား(၄)ဦးကို ယူရိုသန်း(၂၀) ဖြင့် ရောင်းချခဲ့ခြင်းတို့ပါဝင်ကြောင်း သိရသည်။

လက်ရှိ ပြင်သစ်နိုင်ငံတွင် ယင်းအပြောင်းအရွှေ့ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် အဆိုပါကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များနှင့် ပတ်သက်ပြီး New York Times သတင်းစာက နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ''ကျွန်တော် စိတ်မပူပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တိုက်ပွဲဝင်သူတစ်ဦးဖြစ်လို့ပါပဲ''ဟု ဆိုခဲ့သည်။

ယခုစစ်ဆေးမှုတွင် အာသာနှင့် ယာနစ်တို့ ကစားသမားလဲလှယ်မှုပါ ပါဝင်နေကြောင်း သိရှိရသည်။ 

Most Read

Most Recent