တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် စတုဒီသာကျွေးမွေးသူများ ဆွမ်းအိုးမျှောသူများဖြင့် စည်ကား

တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် စတုဒီသာကျွေးမွေးသူများ ဆွမ်းအိုးမျှောသူများဖြင့် စည်ကား
Published 18 November 2021
ဘိုဘိုမြင့်

ပုံစာ - မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ဆွမ်းအိုမျှောပွဲနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းနေသည်ကို တွေ့ရစဉ် Photo - ကိုမြင့်စိုး

တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် စတုဒီသာ ကျွေးမွေးသူများ ဆွမ်းအိုးမျှောသူများဖြင့် စည်ကားခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

COVID-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေအရ ကမ်းနားလမ်းတလျှောက် ရှင်ဥပဂုတ္တ မထေရ်မြတ် ပူဇော်ပွဲ နှင့် ဆွမ်းအိုးမျှောရန် ပြုလုပ်ထားသည့် နေရာများ ယမန်နှစ်ထက် လျော့နည်းခဲ့သော်လည်း ယခင်နှစ်ကဲ့သို့ပင် စည်စည်ကားကားရှိခဲ့သည်ဟု ဆိုလို့ရကြောင်း မော်လမြိုင်မြို့ခံတစ်ဦး က ပြောကြားသည်။

 ၎င်းကဆက်လက်ပြီးမနှစ်ကဆိုရင် Covid – 19 ကူးစက်ကပ်ရောဂါ ဖြစ်ပွားမှုများနေပေမယ့်လည်း ဆွမ်းအိုးလာမျှောကြသူတွေလည်းများသလို၊ စတုဒီသာကျွေးမွေးကြတဲ့သူတွေရောများတယ်။ ဒီနှစ်က မနှစ်ကလောက် မများဘူးဆိုပေမယ့်လည်း စည်စည်ကားကားလေးတော့ ရှိခဲ့ပါတယ်။ ကမ်းနားလမ်းတလျှောက်မှာတော့ စတုဒီသာကျွေးမွေးလှူဒါန်းတာတွေ နည်းသွားတယ်လို့ ထင်ရပေမယ့် ရပ်ကွက်တွေထဲမှာတော့ မနေ့ကရော ဒီနေ့ပါ စတုဒီသာတွေ ကျွေးမွေးကြဖို့ရှိကြတယ်လို့ ကြားသိရပါတယ် ဟု ပြောကြားသည်။

  ထို့အပြင် စတုဒီသာကျွေးမွေးလှူဒါန်းနေသည့် အလှူရှင်တစ်ဦး ကလည်း “ခါတိုင်းနှစ်တွေကတော့ မုန့်ဟင်းခါးစတုဒီသာပုံမှန်ကျွေးမွေးလှူဒါန်းဖြစ်ပါတယ်။ ဒီနှစ်မှာ မလုပ်ဖြစ်တော့ဘူးပေါ့နော်။ ဒါပေမယ့်လည်း မနေနိုင်လို့ ညကမှ ကမန်းကတမ်း စီစဉ်ပြီး ဒီနှစ်တော့ လက်ဖက်ရည်နဲ့ မုန့်လေးတော့ လှူဒါန်းဖြစ်ခဲ့ပါတယ် ဟု ပြောကြားသည်။

 အလားတူ မွန်ပြည်နယ် ကျိုက်မရောမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့နံနက် (၄) နာရီအချိန်မှ စတင်ကာ အတ္တရံမြစ်ကမ်းတလျှောက် ကမ်းနားများရှိ ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်များရှိရာ နေရာများတွင် ဆွမ်းအိုးမျှောခြင်း နှင့် ဆွမ်းအိုးမျှောလာသူများအား သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာများရှိ အလှူရှင်များကလည်း စတုဒီသာဖြင့် ပြန်လည် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent