■ ခြေစစ်ပွဲတွင် အရေးနိမ့်ခဲ့သည့် တောင်အာဖရိကနှင့် ဘီနင်အသင်းများမှ တိုင်ကြားစာများ ပေးပို့ထားဟု FIFA အတည်ပြု

■ ခြေစစ်ပွဲတွင် အရေးနိမ့်ခဲ့သည့် တောင်အာဖရိကနှင့် ဘီနင်အသင်းများမှ တိုင်ကြားစာများ ပေးပို့ထားဟု FIFA အတည်ပြု
Photos : Black Stars
Photos : Black Stars
Published 18 November 2021

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အာဖရိကဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများတွင် အရေးနိမ့်ခဲ့ကြသည့် တောင်အာဖရိကနှင့် ဘီနင်အသင်းများမှ တိုင်ကြားစာများ ပေးပို့မှုကို လက်ခံရရှိထားကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အတည်ပြုခဲ့သည်။

ယင်းအသင်းနှစ်သင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ခြေစစ်ပွဲအဆုံးအဖြတ်ပွဲစဉ်များတွင် အဓိကပြိုင်ဘက်အသင်းများကို အရေးနိမ့်ပြီး တတိယအဆင့်သို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ 

တောင်အာဖရိကအသင်းသည် ဂါနာအသင်းကို (၀-၁)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ယင်းပွဲတွင် အငြင်းပွားဖွယ်ပယ်နယ်တီမှတစ်ဆင့် အမာတေးက သွင်းယူခဲ့ခြင်းဖြစ်သည်။ 

တောင်အာဖရိကအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဆီနီဂေါကို မှားယွင်းသည့်ပယ်နယ်တီဖြင့် အနိုင်ရခဲ့သော်လည်း ယင်းပွဲရလဒ်ကို ချေဖျက်ပြီး ပြန်ကစားခဲ့ရကာ အဆိုပါပွဲ$မူ ဆီနီဂေါအသင်းက အနိုင်ယူကာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့သည်။ 

ထို့ကြောင့် တောင်အာဖရိကအသင်းက ဂါနာ နှင့်ပွဲကို ပြန်ကစားရန် အလိုရှိနေခြင်းဖြစ်သည်။ 

ဘီနင်မှာမူ DRကွန်ဂိုကို (၀-၂)ဂိုးဖြင့် အရေးနိမ့်သည့်ပွဲတွင်  DR ကွန်ဂိုအသင်းသည် ကစားသမားလေးဦးကို လေးကြိမ်လူစားလဲခဲ့သည်။ 

FIFA က ငါးဦးလူစားလဲမှု ခွင့်ပြုထားသော်လည်း သုံးကြိမ်သာလဲခွင့်ရှိ ခြင်းဖြစ်သည်။

◘ တတိယအဆင့်ရောက်အသင်းများ

အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ မာလီ၊ အီဂျစ်၊ ဂါနာ၊ ဆီနီဂေါ၊ မော်ရိုကို၊ DRကွန်ဂို

Most Read

Most Recent