ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုအနီး ပေါက်ကွဲမှုဖြစ်ပွား

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုအနီး ပေါက်ကွဲမှုဖြစ်ပွား
Published 16 November 2021

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်ပတ္တမြားလမ်းနေ အမျိုးသားတစ်ဦးမှာ နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အဆိုပါ နေရာအနီးနေသူများထံမှ သိရသည်။

“သူက ဝန်ထမ်းပါ။နေအိမ်မှာ ရှိတုန်းဘဲ သေနတ်နဲ့ ပစ်ခံရတာ။အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားပါတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

သေဆုံးမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးနေစဉ် ကျိုက္ကဆံရပ်ကွက်အတွင်း ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါနေအိမ်မှာ ယခင်က အမျိုးသမီးသရုပ်ဆောင်တစ်ဦး နေထိုင်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

အလားတူ နိုဝင်ဘာ ၁၅ ရက်နံနက် ၅ နာရီကျော်ခန့်က ကြည့်မြင်တိုင်မြို့နယ် အမှတ် ၅ အခြေခံပညာ အထက်ကျောင်းအနီး ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၆ နာရီကျော်ခန့်က မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်တွင် ပေါက်ကွဲမှုနှစ်ကြိမ်နှင့် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေး ရပ်ကွက်၌ ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားကြောင်း သိရသည်။

Most Read

Most Recent