စပါးအသင်းတွင် ကစားသမားအချို့ ၀ိတ်တက်နေသည်ဟု ကွန်တီ ဆိုခဲ့ပြီး အစားအသောက်မှစ၍  ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေ

စပါးအသင်းတွင် ကစားသမားအချို့ ၀ိတ်တက်နေသည်ဟု ကွန်တီ ဆိုခဲ့ပြီး အစားအသောက်မှစ၍  ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေ
Photo: Getty Images
Photo: Getty Images
Published 11 November 2021

စပါးအသင်းနည်းပြသစ်ကွန်တီသည် အသင်းရှိကစားသမားအချို့အား ကိုယ်အလေးချိန်မြင့်တက်(၀ိတ်တက်)နေသည်ဟု ပြစ်တင်ပြောဆိုခဲ့ပြီး အစားအသောက်မှစ၍ တင်းကျပ်မှုများပြုလုပ်နေကြောင်း သိရှိရသည်။

ကွန်တီသည် စပါးအသင်းအား ယခင်နည်းပြများ ကိုင်တွယ်သည့်ပုံစံနှင့် မတူသောနည်းလမ်းများဖြင့် ကိုင်တွယ်လျက်ရှိနေပြီး ကစားသမားများ အစားအသောက် သုံးဆောင်ရာတွင်  Ketchup (ခရမ်းချဉ်သီးဆော့စ်)၊ မယွန်းနိစ်အစရှိသည်တို့ကိုပင် ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရသည်။

ထို့ပြင် စပါးကစားသမားများသည် လေ့ကျင့်ခန်းအစီအစဉ်များ ပြုလုပ်ရာ၌ ယခင်ထက် ပိုမိုခက်ခဲကြမ်းတမ်းသည့် လေ့ကျင့်မှုများ ပြုလုပ်နေရပြီး နည်းစနစ်ပိုင်းဆိုင်ရာအတွက် ရုပ်သံဆန်းစစ်လေ့လာမှု ပြုလုပ်ရာတွင်လည်း  အလွန်ရှည်လျားသော   ဗီဒီယိုဖိုင်များအား ကြည့်ရှုနေရကြောင်း သိရှိရသည်။

ယူရိုပါကွန်းဖရန့်လိဂ်တွင် ဗွီတက်ဆီအသင်းအား အနိုင်ရရှိပြီးနောက် ယင်းပွဲနှင့်ပတ်သက်သည့် ရုပ်သံနည်းစနစ်ပိုင်းသုံးသပ်မှုကို မိနစ် (၂၀)သာ ပြုလုပ်မည်ဟုဆိုသော်လည်း လက်တွေ့၌  (၇၅)မိနစ်အထိ ကြာမြင့်ခဲ့ကြောင်းသိရသည်။

ကွန်တီအနေဖြင့် စပါးအသင်းသို့ရောက်ရှိပြီး ပထမဆုံးရက်သတ္တပတ်မှာပင် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို မဆိုင်းမတွ ချက်ချင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent