၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 11 November 2021

■ ဘရာဇီးလ် နှင့် ကိုလံဘီယာ (မြန်မာစံတော်ချိန် သောကြာနံနက် ရးဝ၀ နာရီ)

ဘရာဇီးလ်အသင်းမှာ ပြီးခဲ့တဲ့လက ခြေစစ်ပွဲကစားခဲ့တဲ့ လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ထားပြီး ထူးခြားတာကတော့ လက်ရွေးစင်အသင်းနဲ့ တစ်နှစ်ကျော်ကြာကင်းကွာနေတဲ့ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ပြန်လည်ရွေးချယ်ထားတာဖြစ်တယ်။ နည်းပြ ထိထီရဲ့ ၄-၂-၃-၁ ကစားကွက်မှာ ဗင်နီစီယပ်စ်၊ ကော်တင်ဟိုတို့ကို ပွဲထွက်ခွင့်ပေးဖို့တော့ ရာခိုင်နှုန်းနည်းပါတယ်။ ကိုလံဘီယာအသင်းမှာလည်း အသင်းနဲ့တစ်နှစ်နီးပါးကင်းကွာနေတဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ပြန်လည်ခေါ် ယူထားတယ်။ ပြီးခဲ့တဲ့(၃)ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ ကိုလံဘီယာအသင်းတိုက်စစ်ကို နည်းပြ ရူဒါက မလွဲမသွေ အပြောင်းအလဲပြုလုပ်ရတော့မှာဖြစ်ပြီး တောက်လျှောက်သုံးနေတဲ့ ၄-၄-၂၊ ၄-၄-၁-၁ တွေအစား ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲ အသုံးပြုတာတွေ ရှိလာနိုင်တယ်။ ဟာမီးစ်ရိုဒရီဂွက်ဇ်က နည်းပြ ရူဒါအတွက် ဝှက်ဖဲဖြစ်လာနိုင်ပြီး လက်ရွေးစင်အသင်းနဲ့ ကာလအတန်ကြာ ကင်းကွာနေပေမဲ့လည်း အခုပွဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့များတယ်။ အနိုင်ရရုံနဲ့ ခြေစစ်ပွဲအောင်မယ့် ဘရာဇီးလ်ဘက်ကပဲ ရပ်တည်သင့်တယ်။

■ အီကွေဒေါ နှင့် ဗင်နီဇွဲလား (မြန်မာစံတော်ချိန် သောကြာနံနက် ၃း၃၀ နာရီ)

ပြီးခဲ့တဲ့လက ထိပ်သီး(၄)သင်းတွေ့ဆုံမှုကို အီကွေဒေါအသင်း အခွင့်အရေးမယူနိုင်ခဲ့ဘူး။ အခုတစ်ကြိမ်တော့ အီကွေဒေါအသင်း အမိအရဆုပ်ကိုင်နိုင်ဖို့ ကြိုးစားမှာ သေချာပါတယ်။ ဗင်နီဇွဲလားရဲ့လက်ရှိခြေစွမ်းကြောင့် အီကွေဒေါကိုပဲ ရွေးချယ်ချင်တယ်။ 

■ ပီရူး နှင့် ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၈း၃၀ နာရီ)

ဘိုလစ်ဗီးယားအသင်းက ခြေစစ်ပွဲ(၂)ပွဲဆက် အနိုင်ကစားခဲ့ပြီးနောက် မျှော်လင့်ချက် ပြန်ရှင်သန်လာတယ်။ ပီရူးအသင်းကတော့ ခြေစစ်ပွဲအိမ်ကွင်း(၃)ပွဲဆက် ရှုံးပွဲမရှိကစားထားနိုင်တာကို ထည့်တွက်ရမှာပါ။ ပီရူးအသင်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရလိမ့်မယ်ထင်တယ်။

■ ပါရာဂွေး နှင့် ချီလီ (မြန်မာစံတော်ချိန် သောကြာနံနက် ၅း၃၀ နာရီ)

ပါရာဂွေးအသင်းက ခြေစစ်ပွဲနောက်ဆုံး(၁၀)ပွဲမှာ (၁)ပွဲ သာ အနိုင်ရတော့တဲ့အထိ အခြေအနေဆိုးနေပြီး အသင်းတိုက်စစ်မှာ အယ်လ်မီရွန်၊ ဆာရာဘီယာ၊ ရိုမဲရိုးတို့ရှိပေမဲ့ နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်နေတာ စိတ်ပျက်စရာပါပဲ။ ချီလီအသင်းက ခြေစစ်ပွဲနောက်ဆုံး(၂)ပွဲဆက် အနိုင်ကစားထားသလို၊  ဆန်းချက်ဇ်ပြန်ပါလာတဲ့ တိုက်စစ်ကလည်း ပိုအားကောင်းလာနိုင်တယ်။ ချီလီ အမှတ်ရလိမ့်မယ်။

Most Read

Most Recent