■ ရိုးမားအသင်းတွင် မော်ရင်ဟို မပျော်မရွှင်ဖြစ်နေပြီး စီးရီးအေဒိုင်များ၏ စွမ်းဆောင်ရည်ကိုလည်း စိတ်ပျက်နေ

 ■ ရိုးမားအသင်းတွင် မော်ရင်ဟို မပျော်မရွှင်ဖြစ်နေပြီး စီးရီးအေဒိုင်များ၏ စွမ်းဆောင်ရည်ကိုလည်း စိတ်ပျက်နေ
Photos : AS Roma Facebook
Photos : AS Roma Facebook
Published 11 November 2021

ပေါ်တူဂီနာမည်ကျော်နည်းပြ မော်ရင်ဟိုသည် ရိုးမားအသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး စီးရီးအေဒိုင်များ၏ စွမ်းဆောင်ရည်အပေါ်လည်း စိတ်ပျက်နေကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

ယခုရာသီတွင် စီးရီးအေသို့ တစ်ကျော့ပြန်ရောက်ရှိလာသည့် မော်ရင်ဟိုနည်းပြနေသော ရိုးမားအသင်းသည် ပွဲစဉ် (၁၂)ပြီးဆုံးချိန်၌ ရမှတ် (၁၉)မှတ်သာရရှိထားသည်။

ထို့ပြင် အမှတ်ပေးဇယားထိပ်ဆုံးတွင်  ရမှတ်တူရပ်တည်နေသော နာပိုလီနှင့် အေစီမီလန်တို့ထက် (၁၃)မှတ်လျော့နည်းနေသည်။

မော်ရင်ဟိုသည် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲ တွင်လည်း (၁)ပွဲသာအနိုင်ရထားသဖြင့် သူ့အသင်း၏ စွမ်းဆောင်ရည်အပေါ် အားမလိုအားမရ ဖြစ်နေပြီး လက်ရှိလူစာရင်းကိုလည်း မကျေမနပ် ဖြစ်နေကြောင်း သိရသည်။ 

ထို့ပြင် မော်ရင်ဟိုက စီးရီးအေဒိုင်များသည် သူ့ကို ပစ်မှတ်ထားအရေးယူနေကြောင်းလည်း စွပ်စွဲခဲ့သည်။ 

''ကျွန်တော်က  ကိုယ့်ကိုယ်ကို ကာကွယ်နေရတယ်။ ကိုယ့်ခံစားချက်တွေ မျိုသိပ်ထားရတယ်။ တစ်နေ့မှာ ကျွန်တော်လည်း အဖြစ်အပျက်တွေကို နားလည်လာမှာဖြစ်ပြီး သူတို့(ကွင်းလယ်ဒိုင်တွေ)လည်း နားလည်လာမှာပါ''ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

Most Read

Most Recent