ဘိုင်ယန်နောက်ခံလူ ဇူလာ ဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် လက်ရွေးစင်အသင်းဖော် လေးဦး Quarantine ဝင်နေရ

ဘိုင်ယန်နောက်ခံလူ ဇူလာ ဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် လက်ရွေးစင်အသင်းဖော် လေးဦး Quarantine ဝင်နေရ
Photo: Getty Images
Photo: Getty Images
Published 11 November 2021

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဇူလာသည် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနှင့်ထိ စပ်ခဲ့သည့် ဂျာမန်လက်ရွေးစင်အသင်းဖော် လေးဦးမှာ Quarantine ဝင်နေရလျက်ရှိကြောင်း သိရသည်။

ဇူလာ ဗိုင်းရပ်စ်ကူးစက်ခံရမှုကို ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB) က အတည်ပြုသတင်းထုတ်ပြန်ခဲ့ပြီး Quarantine ဝင်နေရသူ လေးဦးမှာ ဗိုင်းရပ်စ်ကာကွယ်ဆေး မထိုးထားသည့် နောက်ခံလူ ကင်မစ်ချ်အပါအဝင် ဇူလာ၏ ဘိုင်ယန်မြူးနစ်အသင်းဖော်များဖြစ်သည့် နာဘရီနှင့် မူဆီယာလာ၊ ဆာလ်ဇ်ဘာ့ဂ်အသင်းမှ တိုက်စစ်မှူး အဒီယီမီတို့ဖြစ် သည်။ 

"ဒီသတင်းတွေက ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲတွေနဲ့ နီးကပ်လာချိန်မှာ ဖြစ်လာတာပါ။ ဒါဟာ နည်းပြအဖွဲ့အတွက်သာမက အသင်းအတွက်ပါ ခါးသီးတဲ့ထိုးနှက်ချက်ပါပဲ"ဟု DFB ၏ဒါရိုက်တာချုပ်ဖြစ်သူ ဘီယာဟော့ဖ်က ပြောကြားခဲ့သည်။ 

ဂျာမနီ၏ထိပ်တန်းလိဂ်နှစ်ခုတွင် ကစားသမားများ၊ နည်းပြများနှင့် ဝန်ထမ်းများ၏ ဗိုင်းရပ်စ်ကာကွယ် ဆေးထိုးထားသူ ၉၀ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ်(DFL)မှ ပြီးခဲ့သည့်လက သတင်းထုတ်ပြန်ထားပြီး ကင်မစ်ချ်ကဲ့သို့ ကာကွယ်ဆေးမထိုးထားသူမှာ အနည်းငယ်သာရှိကြောင်း သိရသည်။ 

လက်ရှိတွင် ဂျာမနီအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်တွင် လက်ချင်စတိန်း၊

နိုဝင်ဘာလ ၁၄ ရက်တွင် အာမေးနီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

Most Read

Most Recent