အသင်းဟောင်းမှ ကစားသမားများကို မော်ရင်ဟို ပစ်မှတ်ထား

အသင်းဟောင်းမှ ကစားသမားများကို မော်ရင်ဟို ပစ်မှတ်ထား
Photo: Sky Sports
Photo: Sky Sports
Published 8 November 2021

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် လာမည့်ဇန်နဝါရီလတွင် ကစားသမားသစ် အားဖြည့်ရန်အတွက် အသင်းဟောင်းမှ ကစားသမားများကို ပစ်မှတ်ထားနေကြောင်း သိရသည်။

လက်ရှိရိုးမားအသင်းလူစာရင်းကို အားမရဖြစ်နေသည့် မော်ရင်ဟိုက စပါးအသင်းမှ ဟယ်ရီဝင့်ခ်၊  ချယ်လ်ဆီးအသင်းမှ လော့ဖ်တပ်ချိခ်နှင့် ရူဒီဂါ၊ မန်ယူအသင်းနောက်ခံလူ ဒါလော့တို့ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။

ရူဒီဂါသည် ရိုးမားအသင်းတွင် ကစားဖူးသူတစ်ဦးဖြစ်ပြီး ဒါလော့မှာလည်း အေစီမီလန်အသင်းတွင် အငှားလာရောက်ကစားဖူးသည်။

မော်ရင်ဟိုက ရာသီအစပိုင်းတွင် နိုင်ပွဲများဆက်ခဲ့သော်လည်း လက်ရှိအသင်းမှာ ပြီးခဲ့သည့်ရာသီကထက် ပိုကောင်းလာသည်ဟု မထင်ကြောင်းနှင့် အတွေ့အကြုံရင့် ကစားသမားများကို ဆုံးရှုံးထားရကြောင်း သုံးသပ်ခဲ့သည်။

Most Read

Most Recent