၂၀၂၁ မလေးရှားဖလားပြိုင်ပွဲတွင် ဟိန်းထက်အောင်ကစားနေသည့် ဆီလန်ဂေါအသင်း တီရန်ဂါနူးအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ကွာတားသို့ တက်ရောက်ခဲ့ပြီး အောင်ကောင်းမာန်၏ ဆရီပါဟန်းအသင်း အုပ်စုမှထွက်ရ

၂၀၂၁ မလေးရှားဖလားပြိုင်ပွဲတွင် ဟိန်းထက်အောင်ကစားနေသည့် ဆီလန်ဂေါအသင်း တီရန်ဂါနူးအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ကွာတားသို့ တက်ရောက်ခဲ့ပြီး အောင်ကောင်းမာန်၏ ဆရီပါဟန်းအသင်း အုပ်စုမှထွက်ရ
Photo: Selagor FC
Photo: Selagor FC
Published 8 November 2021

၂၀၂၁ မလေးရှားဖလားပြိုင်ပွဲ အုပ်စုဒုတိယအကျော့ပွဲစဉ်များကို ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့ရာ မြန်မာလူငယ်တိုက်စစ်မှူး ဟိန်းထက်အောင် သွားရောက်ကစားနေသည့် မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်းမှာ တီရန်ဂါနူးအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ကွာတားအဆင့်သို ့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ မလေးရှားဖလားပြိုင်ပွဲကို နိုင်ငံတကာပြိုင်ပွဲများကြောင့် ပြီးခဲသည့် စက်တင်ဘာအကုန်ကတည်းက ရပ်နားထားခဲ့ပြီး အောက်တိုဘာ၃ဝရက်မှ ပြန်လည်ကျင်းပနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၇ ရက်က ကစားခဲ့သည့်ပွဲစဉ်များတွင် ဟိန်းထက်အောင်၏ ဆီလန်ဂေါအသင်းမှာ  တီရန်ဂါနူးအသင်းကို (၁-၃) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ဟိန်းထက်အောင်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရသည်။

ဆီလန်ဂေါအသင်းသည် နိုဝင်ဘာ ၇ ရက်ပွဲစဉ်များအပြီးတွင် ၅ ပွဲကစား ၃ ပွဲနိုင် ၂ ပွဲရှုံး ရမှတ် ၉ မှတ်ဖြင့် တီရန်ဂါနူးအသင်း၏အောက် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေသည်။

ဆီလန်ဂေါအသင်းသည် အုပ်စုတွင်း၌ တီရန်ဂါနူးအသင်းကို ပထမအကျော့၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ဒုတိယအကျော့တွင်လည်း ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာလူငယ်တိုက်စစ်မှူးတစ်ဦးပင်ဖြစ်သည့် အောင်ကောင်းမာန်၏ ဆရီပါဟန်းအသင်းမှာ နိုဝင်ဘာ ၇ ရက်က ကစားခဲ့သည့်ပွဲတွင် ဆာရာဝပ်အသင်းကို (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုတွင်း၌ ၅ ပွဲကစား ၂ ပွဲနိုင် ၃ ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။

ဆရီပါဟန်းအသင်းသည် လက်ကျန်ပွဲတစ်ပွဲကစားရန်ကျန်ရှိနေသေးသော်လည်း အုပ်စုဒုတိယနေရာတွင်ရပ်တည်နေသည့် ဆာရာဝပ်အသင်းမှာ ရမှတ် ၁၀ မှတ်ရရှိထားသောကြောင့် အုပ်စုအဆင့်ဖြင့်သာကျေနပ်ခဲ့ရပြီဖြစ်သည်။

မြန်မာလူငယ်တိုက်စစ်ကစားသမားများဖြစ်သည့် ဟိန်းထက်အောင်နှင့် အောင်ကောင်းမာန်တို ့ နှစ်ဦးစလုံးမှာ ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမကစားသမားစာရင်းတွင် ရွေးချယ်ခံထားရသည်။

ယင်းကစားသမားနှစ်ဦးစလုံးသည် ယခုလကုန်ပိုင်းတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။

Most Read

Most Recent