အောင်သူ၊ ကျော်ကိုကိုနှင့် ဇော်မင်းထွန်းတို့ လက်ရွေးစင်အသင်းမှ အနားယူမည်ဖြစ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေး အတည်ပြုခဲ့ပြီးနောက် အသင်းလိုက်စုစည်းမှုကောင်းမွန်ရန် အချိန်အနည်းငယ်ထပ်ယူရဦးဖြစ်ကြောင်း ပြောကြား

အောင်သူ၊ ကျော်ကိုကိုနှင့် ဇော်မင်းထွန်းတို့ လက်ရွေးစင်အသင်းမှ အနားယူမည်ဖြစ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေး အတည်ပြုခဲ့ပြီးနောက် အသင်းလိုက်စုစည်းမှုကောင်းမွန်ရန် အချိန်အနည်းငယ်ထပ်ယူရဦးဖြစ်ကြောင်း ပြောကြား
Photos: Antoine Hey's Twitter
Photos: Antoine Hey's Twitter
Published 7 November 2021

 

ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများထဲမှ အောင်သူ၊ ကျော်ကိုကို နှင့် ဇော်မင်းထွန်းတို့သည် လက်ရှိကာလတွင် မြန်မာ့လက်ရွေးစင်အသင်းမှ အနားယူမည် ဖြစ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက အတည်ပြုခဲ့ပြီးနောက် အသင်းလိုက်စုစည်းမှု ကောင်းမွန်ရန်အတွက် အချိန်အနည်းငယ် ထပ်ယူရဦးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် လာမည့်ဒီဇင်ဘာအတွင်း ကျင်းပရန် ရှိသည့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တူရကီနိုင်ငံ၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ခြေစမ်းပွဲသုံးပွဲကိုလည်း ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရှိရသည်။ မြန်မာ့လက် ရွေးစင်အသင်းသည် နိုဝင်ဘာ ၉ ရက်တွင် တူရကီကလပ် Manavgaspor FC အသင်း နှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင်  Burnudi အသင်းနှင့်လည်းကောင်း၊ နိုဝင် ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ 

"အချိန်ယူလေ့ကျင့်ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားလျက်ရှိပါတယ်။ ခြေစမ်းပွဲ သုံးပွဲကစားပြီး ဆူဇူကီးပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ စုစည်းမှုကောင်းမွန်ဖို့အတွက် အချိန်အနည်းငယ် ထပ်ပြီးပြင်ဆင်ဖို့ လိုအပ်နေပါသေးတယ်"ဟု နည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားခဲ့သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၂၅ ရက်တွင် ခြေစမ်းပွဲဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယင်းပွဲစဉ်အပြီးတွင် အသင်းလိုက် စုစည်းမှုအခြေအနေ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

၂၀၂၀ AFF ဆူဇူကီးဖလားပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၁ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ လက်ရှိအုပ်စုခွဲ ဝေမှုအရ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု (က) တွင် အိမ်ရှင် စင်ကာပူအပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ တီမော/ဘရူနိုင်းအသင်း တို့နှင့် တစ်အုပ်စုထဲ ကျရောက်လျက်ရှိပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြီးခဲ့သည့် COVID-19 ပထမလှိုင်းကာလမှ စတင်ကာ လေ့ကျင့်မှုရပ်နားခဲ့ရခြင်းဖြစ်ပြီး ကြားကာလတွင် အာရှခြေစစ်ပွဲအတွက် အချိန်အနည်းငယ်ယူကာ ပြင်ဆင်မှုအချို့ကိုသာ ပြုလုပ်ခွင့်ရခဲ့သည်။ 

Most Read

Most Recent